တရုတ်ကားဈေးကွက်‌ဝေစု ကာကွယ်ရန် ယူရို ၅ ဘီလီယံ VW သွန်ထည့်ခဲ့သော်လည်း မအောင်မြင်


တရုတ်ကားဈေးကွက်‌ဝေစု ကာကွယ်ရန် ယူရို ၅ ဘီလီယံ VW သွန်ထည့်ခဲ့သော်လည်း မအောင်မြင်

TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U

    

ကမ္ဘာ့ အကြီးဆုံး ကားဈေးကွက် ဖြစ်သည့် တရုတ်ကားဈေးကွက်‌ထဲမှ ဈေးကွက်ဝေစုကို ကာကွယ်ထားနိုင်ရန် Volkswagen သည် ၂၀၂၃ ခုနှစ်တွင် ယူရို ၅ ဘီလီယံ သွန်ထည့်ခဲ့သော်လည်း အောင်မြင်မှု ထူးထူးခြားခြား မရရှိခဲ့ချေ။ 

Volkswagen အဖို့ တရုတ်ကားဈေးကွက်သည် အရေးပါသည်။ တစ်နှစ်တာ ရရှိသည့် အမြတ်၏ အနည်းဆုံး ၅၀% ကို တရုတ်ပြည်မှ ရရှိသည်။

Audi နှင့် Porsche အပါအဝင် ကားအမှတ်တံဆိပ်များကို ပိုင်ဆိုင်ထားသည့် Volkswagen သည် ၂၀၂၃ ခုနှစ်တွင် တရုတ်ပြည်မှာ ရောင်းအား ၁.၆% မြင့်တက်ခဲ့သော်လည်း ဈေးကွက်ဝေစု လျော့ကျခဲ့သည်။ 
Volkswagen အပါအဝင် ဥရောပ၊ ဂျပန်နှင့် အမေရိကန်တို့မှ ကားထုတ်လုပ်သူများသည် တရုတ်ကားဈေးကွက်တွင် ၎င်းတို့၏ အနေအထားကို ထိန်းသိမ်းထားနိုင်ရန် ရုန်းကန်နေကြရသည်။

တရုတ်နိုင်ငံတွင် ပြည်ပအမှတ်တံဆိပ်များ၏ စျေးကွက်ဝေစုသည် ၂၀၂၀ ခုနှစ်တွင် ၆၄ ရာခိုင်နှုန်း ရရှိခဲ့ရာမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ၄၄ ရာခိုင်နှုန်းသာ ရရှိတော့သည်။
    
ရှန်ဟိုင်း အခြေစိုက် အတိုင်ပင်ခံလုပ်ငန်း Automobility အဆိုအရ တရုတ်ကားဝယ်စီးသူများသည် တရုတ်ကား ထုတ်လုပ်သူတို့၏ ပြည်တွင်းထုတ် အီးဗီများကို ပိုမိုဝယ်ယူလာကြသည်။

"Tesla မှလွဲရင် အခြားကားအမှတ်တံဆိပ်တွေက စျေးကွက်ထဲမှာ အီးဗီသို့ ကူးပြောင်းမှုကို မမျှော်လင့်ထားကြဘူး။  အလစ်အငိုက် မိသွားကြတော့ ကားဝယ်ယူသူတွေနဲ့ လိုချင်တာနဲ့ တခြားစီ ဖြစ်နေတဲ့ ကားတွေကို ထုတ်လုပ်ကြတဲ့အတွက် ဈေးကွက်ဝေစုတွေ ဆုံးရှုံးကုန်ကြတယ်" ဟု Automobility ထူထောင်သူ Bill Russo က ပြောကြားသည်။ သူသည် ယခင်က တရုတ်ပြည်တွင် Chrysler တွင် အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။ 
VW ရောင်းချသည့် ကားမော်ဒယ် အများစုသည် အင်ဂျင်ကားများ ဖြစ်သည်။ တရုတ်စျေးကွက်တွင် အင်ဂျင် အိမ်စီးကားများ ရောင်းအားသည် ၂၀၂၃ ခုနှစ်တွင် ၂၀၂၂ ခုနှစ်ထက် ၆% လျော့ကျသည်။

VW သည် တရုတ်ပြည်တွင် အရင်ဆုံး ရင်းနှီးမြှုပ်နှံခဲ့သည့် အနောက်တိုင်း ကားလုပ်ငန်းဖြစ်သည်။ တရုတ်ကားဈေးကွက်တွင် အရောင်းရဆုံး ကားကုမ္ပဏီအဖြစ် သရဖူ ဆောင်းခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် BYD က VW ထံမှ သရဖူကို ရယူလိုက်သည်။ BYD သည် တရုတ်ပြည်တွင် အရောင်းရဆုံး ကားကုမ္ပဏီ ဖြစ်လာသည်။ 


တရုတ်နိုင်ငံတွင် ၎င်း၏ အနေအထားကို ခုခံကာကွယ်ရန် ကြိုးပမ်းမှုရာ၌ VW သည် ပြီးခဲ့သောနှစ်တွင် ရင်းနှီးမြှုပ်နှံမှုများ ယူရို ၅ ဘီလီယံကို ကြေညာခဲ့သည်။

"တရုတ်မှာ တရုတ်အတွက်" "In China, for China" မဟာဗျူဟာကို ကျင့်သုံးပြီး တရုတ် ကားစီးသူများ ကြိုက်နှစ်သက်မည့် ကားများကို ထုတ်လုပ်ပါသည်။

VW သည် တရုတ်ကားစီးသူများ အကြိုက် အီးဗီမော်ဒယ်များ ထုတ်လုပ်ရန် ဦးတည်ဆောင်ရွက်နေသည်။ 
VW ၏ ပြီးခဲ့သည့်နှစ် ရင်းနှီးမြှုပ်နှံမှုများတွင် ကွမ်ကျိုးအခြေစိုက် အီးဗီလုပ်ငန်း Xpeng တွင် အစုရှယ်ယာ ၅ ရာခိုင်နှုန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၇၀၀ သုံးစွဲရန် အစီအစဉ်တစ်ခု ပါဝင်သည်။ Xpeng ၏ အီးဗီ ပလက်ဖောင်း အသုံးပြုခွင့် ရယူခဲ့သည်။ 
Source fmt.com
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U

Read 261 times