အီးဗီ အဝယ်လိုက်သဖြင့် Volvo ၂၀၂၃ ခုနှစ် ရောင်းအား စံချိန်သစ်တင် 


အီးဗီ အဝယ်လိုက်သဖြင့် Volvo ၂၀၂၃ ခုနှစ် ရောင်းအား စံချိန်သစ်တင် 

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


ဆီဒင်နိုင်ငံ အခြေစိုက် ကားလုပ်ငန်းသည် ၎င်း၏ အီးဗီ မော်ဒယ်များ အဝယ်လိုက်သဖြင့် ၂၀၂၃ ခုနှစ်တွင် ရောင်းအားစံချိန်သစ်တင်သည့်နှစ် ဖြစ်ခဲ့သည်။ Volvo အီးဗီစစ်စစ်များ အစီးရေ ၁ သိန်းကျော် (၁၁၃,၄၁၉ စီး) ရောင်းချခဲ့ပြီး ၂၀၂၂ ခုနှစ်ထက် ၇၀% ပိုများခဲ့ပါသည်။


၂၀၂၃ ခုနှစ် တနှစ်တာ ရောင်းအားတွင် ၁၆% သည် အီးဗီရောင်းအား ဖြစ်ပါသည်။
၂၀၂၅ ခုနှစ်တွင် ရောင်းအား၏ ၅၀% သည် လျှပ်စစ်ကားစစ်စစ်များ ဖြစ်ရန် Volvo ရည်မှန်းထားပါသည်။

 

၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းတွင် ရောင်းဈေး $35,000 ဖြင့် မော်ဒယ် EX30 ကို အမေရိကန်တွင် စတင်ရောင်းချမည် ဖြစ်သည်။
ထိုင်ခုံ ၃ တန်းပါ လျှပ်စစ် SUV မော်ဒယ်အသစ် EX90 ကို ယခုနှစ်စပိုင်းတွင် စတင်ရောင်းချမည် ဖြစ်ပါသည်။။ ရောင်းဈေးမှာ $76,695 ဖြစ်ပါသည်။ 

 

Volvo သည် တရုတ်ပြည်တွင် ပထမဆုံး လျှပ်စစ်မီနီဗင် မော်ဒယ် ဖြစ်သည့် EM90 ကို စတင်ရောင်းချပါသည်။

 

 Source Electrek

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 206 times