အီးဗီ ထုတ်လုပ်ရန် Volkswagen က Xpeng လက်တွဲ၊ Audi က SAIC လက်တွဲ


အီးဗီ ထုတ်လုပ်ရန် Volkswagen က Xpeng လက်တွဲ၊ Audi က SAIC လက်တွဲ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


Volkswagen က Xpeng နှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊  Audi က SAIC  ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် Volkswagen Group သည် တရုတ်မော်တော်ယာဥ်ဈေးကွက်တွင် ၎င်း၏ ရပ်တည်ချက်ကို အားကောင်းစေမည်ဟု ဂျာမန်ကားကုမ္ပဏီကြီး Volkswagen Group မှ ပြောကြားသည်။

ဂျာမန်ကားကုမ္ပဏီကြီး Volkswagen က တရုတ်ကားကုမ္ပဏီ Xpeng နှင့် လက်တွဲလုပ်ကိုင်မည် ဖြစ်ကြောင်း ကြေညာခဲ့ပြီး ၎င်း၏ brand တစ်ခု ဖြစ်သော Audi သည် တရုတ်ပြည်မှ SAIC Group နှင့် လက်တွဲလုပ်ကိုင်မည်ဖြစ်ကြောင်း တဆက်တည်း ကြေညာခဲ့သည်။

Audi နှင့် ၎င်း၏ တရုတ်ဖက်စပ်လုပ်ဖော်ကိုင်ဖက် SAIC တို့သည် ၎င်းတို့၏ လက်ရှိပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေမည့် မဟာဗျူဟာမြောက် စာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း Volkswagen က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
  
၎င်းဖက်စပ်လုပ်ငန်းသည် ပရီမီယံ အတန်းအစား အီးဗီမော်ဒယ်အသစ်များ ထုတ်လုပ်မည်။
 
SAIC ၏ အီးဗီဌာနခွဲ IM Motors မှ ပိုင်ဆိုင်သည့် အီးဗီပလက်ဖောင်းဖြင့် Audi ၏ အီးဗီမော်ဒယ်အသစ်များကို ထုတ်လုပ်ရန် ရည်ရွယ်ထားဖြင့် Audi က SAIC နှင့် မဟာဗျူဟာမြောက် ပူးပေါင်းလိုက်ခြင်းဖြစ်သည်။
Source cnevpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 311 times