တရုတ်ပြည်မှာ Volkswagen မော်ဒယ် ၉ ခု ဈေးချ ရောင်း
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
SAIC Motor နှင့် VW တို့ကြား ဖက်စပ်လုပ်ကိုင်သည့် SAIC Volkswagen သည် ဩဂုတ်လတွင် တရုတ်နိုင်ငံမှာ SUV ကားမော်ဒယ် ၉ ခုကို ယွမ် ၆၀,၀၀၀ အထိ ဈေးချရောင်းပြီး ရောင်းအားမြှင့်တင်ခဲ့ပါသည်။
SAIC Volkswage သည် ဇူလိုင်လတွင် ID.3 လျှပ်စစ်ကားမော်ဒယ်ကို ဈေးချခဲ့ပါသည်။ ယခင် ယွမ် ၁၄၂,၉၀၀($19,600) ဖြင့် ဈေးဖွင့်ထားသည်ကို ယွမ် ၁၁၉,၉၀၀($16,446) သို့ ဈေးချ ပေးခဲ့သည်။ ထိုသို့ ဈေးချလိုက်သဖြင့် ဇူလိုင်လတွင် ဇွန်လထက် ရောင်းအား သိသိသာသာ များသွားခဲ့ပါသည်။ ဇွန်လတွင် ID.3 ၁,၈၁၉ စီး ရောင်းချခဲ့ပြီး ဇူလိုင်လတွင် ၇,၃၇၈ စီး ရောင်းချနိုင်ခဲ့ပါသည်။
ဩဂုတ်လတွင် Tesla က Model Y အချို့ကို ဈေးချပြီး ရောင်းချခဲ့ပြီးနောက် SAIC Volkswagen ကလည်း မော်ဒယ် ၉ ခုကို ဈေးချပြီး ရောင်းချခဲ့ပါသည်။
သို့ဖြစ်ရာ တရုတ်ပြည် ကားဈေးကွက်ထဲ ဖြစ်ပေါ်နေသည့် လျှော့ဈေးစစ်ပွဲ အရှိန်တက်သွားစေခဲ့သည်။
Source teslarati
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL