ကားသွားနေစဉ် တံခါးပွင့် သွားနိုင်သဖြင့် Volkswagen AG က  ID.4 အီးဗီ SUV အရောင်းချက်ချင်းရပ်ထား


ကားသွားနေစဉ် တံခါးပွင့် သွားနိုင်သဖြင့် Volkswagen AG က  ID.4 အီးဗီ SUV အရောင်းချက်ချင်းရပ်ထား

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Volkswagen AG သည်  ID.4 အီးဗီ SUV များကို ရောင်းချခြင်း ချက်ချင်းရပ်ရန် အမေရိကန်နှင့် ကနေဒါရှိ အရောင်းကိုယ်စားလှယ်များကို အမိန့်စာ ထုတ်ပြန်ထားသည်။

ID.4 အီးဗီ SUV ၏ တံခါးများသည် ကားရွေ့လျားနေချိန်တွင် ပွင့်သွားနိုင်သည့်အတွက် အရောင်းချက်ခချင်းရပ်ခိုင်းထားခြင်း ဖြစ်သည်။

ဂျာမန်ကားထုတ်လုပ်သူ Volkswagen AG သည် အဆိုပါ ပြဿနာကို မည်သို့ ပြုပြင် ဖြေရှင်းရမည်ကို အဖြေမရသေးချေ။

အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ် ချာတာနူဂါမြို့ရှိ ကားစက်ရုံမှာ တည်ဆောက်ခဲ့သည့် ကားအစီးရေ ၁၈,၀၀၀ နီးပါးဟာ ရေစိမ့်ဝင်မှုကြောင့် တံခါးလက်ကိုင်တွေ ချို့ယွင်းသွားနိုင်ပြီး ပိတ်ထားတဲ့တံခါးရွက်ကို ဖွင့်ထားသည့်အနေအထား  အလိုအလျောက် ရောက်ရှိသွားနိုင်ပါသည်။ ကားကို ဖြည်းဖြည်းမောင်းနှင်နေစဉ်မှာပင်လျှင် တံခါးရွက် ပွင့်သွားနိုင်ပါသည်။ 


ID.4 အီးဗီ SUV ၏တွင် ယာဉ်မောင်းထိုင်ခုံဘေးတံခါးအပြင် အခြားထိုင်ခုံများ၏ ဘေးတံခါးများပါ ပွင့်သည့်အဖြစ်ကို ဇန်နဝါရီလတွင် စတင်ပေါ်ပေါက်ခဲ့ပါသည်။ 
US National Highway Traffic Safety Administration ထံ Volkswagen - VW က ဖေဖော်ဝါရီလတွင် အစီရင်ခံခဲ့ပါသည်။ ထို့နောက် ကားများကို ပြန်ခေါ်ယူရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါသည်။ 
Source bloomberg

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read 285 times