ဗီယက်နမ် Vingroup ဒေါ်လာ ၁၇၄ သန်း အီးဗီဘက်ထရီစက်ရုံ စတင်ဆောက်လုပ်


ဗီယက်နမ် Vingroup ဒေါ်လာ ၁၇၄ သန်း အီးဗီဘက်ထရီစက်ရုံ စတင်ဆောက်လုပ်

ဗီယက်နမ် အကြီးမားဆုံး ကုမ္ပဏီစု Vingroup က ၎င်းရဲ့လက်အောက်ရှိ VinFast မှ ထုတ်လုပ်မယ့် လျှပ်စစ်မော်တော်ယာဉ်တွေမှာ တပ်ဆင်အသုံးပြုဖို့ ဘက်ထရီတွေ ထုတ်လုပ်ဖို့ အမေရိကန်ဒေါ်လာ ၁၇၄ ကုန်ကျမယ့် ဘက်ထရီစက်ရုံကို စတင်ဆောက်လုပ်ပြီဖြစ်ကြောင်း အသိပေးကြေညာပါတယ်။
VinFast ရဲ့လျှပ်စစ်ကားတွေအတွက် ဘက်ထရီတွေကို ကုမ္ပဏီကိုယ်တိုင် ထုတ်လုပ်မယ့် အစီအစဉ် ဖြစ်ပါတယ်။

VinFast ဟာ ဗီယက်နမ်နိုင်ငံရဲ့ ပြည်တွင်းဖြစ်ကားကို ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ရာ၌ ဓာတ်ဆီအင်ဂျင် ကားမော်ဒယ်တွေကို ၂၀၁၉ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။

လျှပ်စစ်ကား SUV တွေကို ပြည်တွင်းအတွက်သာမက အမေရိကန်ဈေးကွက်အတွက်လည်း ထုတ်လုပ်မှာ ဖြစ်ပါတယ်။

အခုဆောက်လုပ်တဲ့စက်ရုံဟာ ဗီယက်နမ်မှာ ပထမဆုံး တည်ဆောက်တဲ့ အီးဗီ ဘက်ထရီ စက်ရုံ ဖြစ်ပါတယ်။ ဗီယက်နမ် အလယ်ပိုင်း Ha Tinh ပြည်နယ်မှာ တည်ရှိပါတယ်။ ‌စက်ရုံမြေအကျယ်အဝန်း ၂၀ ဧက ရှိပါတယ်။

စက်ရုံက ပထမအဆင့်မှာ တစ်နှစ်လျှင် ဘက်ထရီခုရေ ၁၀၀,၀၀၀ ကို စတင်ထုတ်လုပ်ဖို့ လျာထားပါတယ်။ အဆင့်မြှင့်တင်ပြီးရင် တစ်နှစ်လျှင် ခုဘက်ထရီခုရေ တစ်သန်း ထုတ်လုပ်မှာ ဖြစ်ပါတယ်။ အပြည့်အဝ ပြီးစီးလည်ပတ်တဲ့အခြေအနေကို ၂၀၂၅ မှာ စတင်ဖို့ လျာထားပါတယ်။

VinFast က အီးဗီဘက်ထရီ ထုတ်လုပ်ဖို့အတွက်  StoreDot, Gotion High-Tech, ProLogium တို့နဲ့ လက်တွဲဆောင်ရွက်ခဲ့ပါတယ်။

Read 3081 times