ဗီယက်နမ်မှ Vingroup ဓာတ်ဆီကား ထုတ်လုပ်မှု အရှုံးပြသဖြင့် ရပ်ဆိုင်း


ဗီယက်နမ်မှ Vingroup ဓာတ်ဆီကား ထုတ်လုပ်မှု အရှုံးပြသဖြင့် ရပ်ဆိုင်း


ဗီယက်နမ် ကုမ္ပဏီစုကြီး Vingroup   ထုတ်လုပ်ရေးကဏ္ဍမှာ အခွန်မဆောင်ခင် ဒေါင် ၂၃.၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၀၅ ဘီလျံ)အရှုံးပြခဲ့သည်။ 
ထုတ်လုပ်ရေးကဏ္ဍမှာ ဓာတ်ဆီအင်ဂျင် ကားများ ရောင်းအားထိုးကျနေသဖြင့် ဝင်ငွေ လျော့ကျနေစဉ် လျှပ်စစ်ကားလုပ်ငန်းအမျိုးအစား အသစ်တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုနေရသဖြင့် အရှုံးပေါ်ခဲ့ခြင်း ဖြစ်သည်။


Vingroup ၏ ဓာတ်ဆီအင်ဂျင်ကား ရောင်းအားသည် ၂၀၂၁ တွင် ၂၀၂၀ ထက် ၂၁% ပိုများခဲ့ပြီး စီးရေ ၃၆,၀၀၀  ရောင်းချခဲ့ပါသည်။ သို့သော် ၂၀၁၉ တွင် တည်ဆောက်ခဲ့သော ကားစက်ရုံသည် တစ်နှစ်လျှင် စီးရေ ၂၅၀,၀၀၀ ထုတ်လုပ်နိုင်စွမ်း ရှိသည်ဖြစ်ရာ ထုတ်လုပ်ရသည့် စီးရေသည် ထုတ်လုပ်နိုင်စွမ်းထက် များစွာလျော့နည်းနေသဖြင့် စီးပွားရေးတွက်ခြေ မကိုက်ချေ။
Vingroup က ကားအပါအဝင် ကုန်ထုတ်လုပ်ရေးကဏ္ဍကို အရွယ်အစား သိသိသာသာ ချုံ့ပစ်လိုက်သည်။ စမတ်ဖုန်းများ၊ တီဗီများ ထုတ်လုပ်မှုကို လုံးဝရပ်ဆိုင်းလိုက်ပါသည်။

ဓာတ်ဆီအင်ဂျင် ကားများ ထုတ်လုပ်ခြင်းကိုလည်း ရပ်ဆိုင်းလိုက်သည်။ အရင်းအမြစ်များကို ၂၀၂၁ နောက်ပိုင်းတွင် အီဗီးစီးပွား ချဲ့ထွင်ရန်အတွက် သုံးစွဲသွားမည် ဖြစ်သည်။
လျှပ်စစ်ကားရောင်းအားသည် အနောက်နိုင်ငံများတွင် ဇန်နဝါရီလဆန်းအထိ စီးရေ ၃၅,၀၀၀ ဝန်းကျင် ရောင်းချရသည်ဟု Vingroup က ပြောကြားသည်။ 
လျှပ်စစ်မော်တော်ယာဉ်သုံး  lithium-ion ဘက်ထရီ စက်ရုံအတွက်လည်း ရင်းနှီးမြှုပ်နှံမည်ဟု Vingroup က ပြောကြားသည်။

Read 2034 times