အီးဗီ ပစ်ကပ်ထရပ်  VinFast ပွဲထုတ်ပြသ


အီးဗီ ပစ်ကပ်ထရပ်  VinFast ပွဲထုတ်ပြသ

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ဗီယက်နမ်လျှပ်စစ်ကားထုတ်လုပ်သူ VinFast သည် ၎င်း၏ ပစ်ကပ်ထရပ်ကားသစ် VF Wild ၏ ရှေ့ပြေးပုံစံကို Las Vegas မှာကျင်းပသည့် consumer electronics show CES 2024 ခေတ်ရှေ့ပြေး ထုတ်ကုန်များပြပွဲမှာ ပွဲထုတ်ပြသခဲ့သည်။

 

VF Wild သည် အလယ်အလတ်အရွယ်အစား ပစ်ကပ်ထရပ်ဖြစ်ပြီး ၂၀၂၆ ခုနှစ်တွင် ထုတ်လုပ်ရန် ရည်မှန်းထားသည်။ အသေးစိတ် အချက်အလက်များ ပြောကြားခြင်း မပြုချေ။

 

 အရွယ်အစားသေးငယ်သည့် VF 3 မော်ဒယ်ကို ကမ္ဘာတစ်ဝှမ်းတွင် စတင်ရောင်းချရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။

 


VinFast သည် ၄ ယောက်စီး မီနီ -eSUV VF 3 ကိုလည်း ပြသခဲ့သည်။ ခရီးတာ ၁၂၅ မိုင်ကျော်အထိ သွားနိုင်သည်။ ကမ္ဘာတစ်လွှား ရောင်းချရန် ရည်မှန်းထားသော်လည်း ဗီယက်နမ်ပြည်တွင်း ဈေးကွက်တွင်သာ စတင်ရောင်းချမည် ဖြစ်သည်။ ယခုနှစ် တတိယသုံးလပတ်တွင် အလုံးအရင်းဖြင့် စတင်ထုတ်လုပ်မည် ဖြစ်သည်။ 

Source Reuters 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

 


 

Read 158 times