ဗီယက်နမ် VinFast  ဘတ်ဂျက်အီးဗီ  ပွဲထုတ်


ဗီယက်နမ် VinFast  ဘတ်ဂျက်အီးဗီ  ပွဲထုတ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


ဗီယက်နမ် လမ်းများပေါ်မှာ ကားအရေအတွက်ထက် မော်တော်ဆိုင်ကယ် အရေအတွက်က သိသိသာသာ ပိုမိုများပြားနေဆဲ ဖြစ်သော်လည်း ဗီယက်နမ် ကားဈေးကွက်ထဲ တရုတ်ကားလုပ်ငန်းများ မောင်းဝင်လာသည့်အတွက် ဗီယက်နမ်မှ အီးဗီလုပ်ငန်း VinFast က ဈေးကွက်ဝေစု ရဖို့ တန်ဖိုးသင့် ဘတ်ဂျက်အီးဗီမော်ဒယ် အသစ် ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။ ဈေးနှုန်းမှာ $23,000 ဝန်းကျင် ဖြစ်သည်။
Vingroup ၏လျှပ်စစ်ကားလက်တံ ဖြစ်သည့် VinFast သည် ကုမ္ပဏီ၏ အီးဗီအမြင့်တန်းစျေးနှုန်း၏  သုံးပုံတစ်ပုံခန့်သာရှိသော VF 5 Plus SUV အီးဗီဖြင့် ဈေးအနိမ့်တန်း ဝယ်စီးသူများကို ဆွဲဆောင်မည် ဖြစ်သည်။

 

 
တစ်ဦးချင်းအရ ဝင်ငွေ ကန်ဒေါ်လာ ၄,၁၀၀ ရှိသည့် ဗီယက်နမ်တွင် တရုတ်နိုင်ငံမှ စျေးသက်သာသော အီးဗီများ စတင်ရောင်းချနေကြပြီ ဖြစ်သည်။ 
 လမ်းလျှောက်မည့်အစား ကားစီးပါလားဟု ကြွေးကြော်တိုက်တွန်းသည့် $4,500 တန် Hongguang Mini EV များလည်း ဝင်လာတော့မည်ဖြစ်ပြီး မော်တော်ဆိုင်ကယ်စီးသည့် အလေ့အထမှ လျှပ်စစ်ကား စီးသည့် အလေ့အထသို့ ကူးပြောင်းရောက်ရှိကြခြင်းကို မြန်ဆန်စေမည် ဖြစ်သည်။
 
ဗီယက်နမ်သည် ကမ္ဘာ့အကြီးဆုံး မော်တော်ဆိုင်ကယ်စျေးကွက်များထဲမှ တစ်ခုဖြစ်သည်။
လူဦးရေ ၉၉ သန်းရှိသော တိုင်းပြည်တွင် လမ်းမပေါ်တွင် မော်တော်ဆိုင်ကယ်စီးရေ သန်း ၆၀ ကျော်ရှိသည်။

Source nikkei asia 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 242 times