ဗီယက်နမ်မှ VinFast ကားအချို့ အာရုံခံကိရိယာ ပြုပြင်ရန် ပြန်လည်ခေါ်ယူ


ဗီယက်နမ်မှ VinFast ကားအချို့ အာရုံခံကိရိယာ ပြုပြင်ရန် ပြန်လည်ခေါ်ယူ


TO GET INSTANT UPDATE  
Join Telegram Channel  
https://t.me/Guid4U


ဗီယက်နမ်နိုင်ငံမှ VinFast သည် ၎င်း၏ မော်ဒယ် VF e34 လျှပ်စစ်ကား စီးရေ  ၇၃၀ ကို စစ်ဆေးမှုများ ပြုလုပ်ရန်နှင့် ကား ဘေးဘက် အာရုံခံကိရိယာများ အစားထိုးရန်အတွက် ပြန်လည်ခေါ်ယူပါတယ်။ 

ပြန်ခေါ်တဲ့ ကားအစီး ၇၃၀ အားလုံးဟာ ဗီယက်နမ်ပြည်တွင်းဈေးကွက်တွင်သာ ရောင်းချထားတဲ့ကားများ ဖြစ်ပါတယ်။ 

 ယာဉ်ဘေးဘက် တိုက်မိခိုက်မိရင် သိရှိတပ်လှန့်ပေးတဲ့ အာရုံခံ sensor များ ချို့ယွင်းချက် ရှိနေနိုင်လို့ ကားတွေကို ပြန်လည်ခေါ်ယူပြီး စစ်ဆေးပြုပြင်ပေးမှာ ဖြစ်ပါတယ်။ 

ဗီယက်နမ်နိုင်ငံရဲ့ အကြီးဆုံး ကုမ္ပဏီစု Vingroup ရဲ့ မော်တော်ယာဉ်လုပ်ငန်းခွဲ VinFast ကို ၂၀၁၉ မှာ လုပ်ငန်းစတင်လည်ပတ်ခဲ့ပြီး ယမန်နှစ်မှာ အီးဗီများ စတင်ထုတ်လုပ်ခဲ့ပါတယ်။ ယခုအထိ ၂,၂၀၈ စီး ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။ 

side crash sensor ဘေးဘက်တိုက်မိ အာရုံခံကိရိယာက လေအိတ်စနစ်နှင့် တွဲဘက်ထားပါတယ်။ လေအိတ် မှားယွင်းစွာ ပွင့်နိုင်လို့ ခေါ်ယူ စစ်ဆေးပေးတာ ဖြစ်ပါတယ်။ 

VinFast က ပြီးခဲ့တဲ့ ဩဂုတ်လမှစ၍ အီးဗီကိုသာ ထုတ်လုပ်ပါတယ်။ ပြည်ပဈေးကွက်များအနက် အမေရိကန်ဈေးကွက်ကို အဓိကထားပြီး ထိုးဖောက်ပါတယ်။ လျှပ်စစ် SUV မော်ဒယ် VF8 နှင့် VF9  များကို ပထမအသုတ် စီးရေ ၅,၀၀၀ ကို နိုဝင်ဘာလမှာ ပေးပို့နိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေပါတယ်။ 

လောလောဆယ် ကမ္ဘာတစ်လွှားမှ အမှာစာ ၆၅,၀၀၀ စီးနီးပါး ရရှိထားပါတယ်။

၂၀၂၆ မှာ တစ်နှစ်စီးရေ ၇ သိန်းခွဲ ရောင်းဖို့ လျာထားပါတယ်။ 
Source Reuters 
 

Read 219 times