နောက်ကြည့်မှန်ချိန် နည်းပညာသစ် VinFast ထုတ်ဖော်ပြသ


နောက်ကြည့်မှန်ချိန် နည်းပညာသစ် VinFast ထုတ်ဖော်ပြသ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

VinFast သည် နေအိမ်များ၊ ဟိုတယ်များ၊ ဆေးရုံများနှင့် စျေးဝယ်စင်တာများ အစရှိသည့် လုပ်ငန်းမျိုးစုံ လုပ်ကိုင်သည့်  Vingroup JSC ကို ထူထောင်သည့် ဗီယက်နမ်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ် Pham Nhat Vuong မှ ကျောထောက်နောက်ခံပြုထားသည့် ဗီယက်နမ်နိုင်ငံ၏ အထင်ရှားဆုံးသော ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည်။

Vingroupသည် ၎င်း၏လုပ်ငန်းခွဲများနှင့် ငွေချေးသူများနှင့်အတူ ပြီးခဲ့သောခြောက်နှစ်အတွင်း VinFast ၏လုပ်ငန်းလည်ပတ်စရိတ်နှင့် ငွေလုံးငွေရင်းအသုံးစရိတ်များအတွက် ရန်ပုံငွေဒေါ်လာ ၈.၂ ဘီလီယံ အရင်းအနှီး ထည့်ဝင်ခဲ့သည်။

VinFast သည် အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ် လပ်ဗေးဂတ်မြို့တွင် ကျင်းပသည့် Consumer Electronics Show CES 2024 တွင် နောက်ကြည့်မှန်ချိန် နည်းပညာသစ် ထုတ်ဖော်ပြသခဲ့ပြီး Vehicle Tech and Advanced Mobility အမျိုးအစားတွင် Innovation Award Honoree ဂုဏ်ပြုဆု ချီးမြှင့်ခံရသည်။ 
MirrorSense ဟု အမည်ပေးထားသည့် နည်းပညာသစ်သည် ကမ္ဘာ့ပထမဆုံး AI သုံး အလိုအလျောက် မှန်ချိန်ညှိ နည်းပညာဖြစ်သည်။ 
MirrorSense နည်းပညာကို VinFast Auto နှင့် VinAI တို့ ပူးပေါင်းလုပ်ကိုင်ခဲ့ကြသည်။

VinAI သည် Vingroup လက်အောက်ခံ လုပ်ငန်းဖြစ်ပြီး Artificial Intelligence (AI) ဉာဏ်ရည်တု သုံးစွဲနိုင်ပုံများကို အထူးပြု သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ကိုင်သည်။

 VinFast MirrorSense  အလိုအလျောက်မှန်ချိန်ညှိနည်းပညာသည် ကားမောင်းသူ၏ ဦးခေါင်းအနေအထားနှင့် မျက်လုံးအကြည့်တို့ကို ၁၀ မီလီမီတာ တိကျမှုဖြင့် အတိအကျ သိရှိနိုင်စွမ်း ရှိသည်။ ထိုသို့ သိပြီးသောအခါ ကားမှာ တပ်ဆင်ထားသည့် နောက်ကြည့်မှန်များ အကုန်လုံးကို အလိုအလျောက် ချိန်ပေးလိုက်မည် ဖြစ်သည်။

VinFast နှင့် VinAI တို့သည် CES 2024 တွင် VinFast MirrorSense အပြင် Occupants Monitoring Systems (DOMS) နှင့် Advanced Driver Monitoring System (ASVM) အပါအဝင် နည်းပညာ အသစ်အဆန်းများကို ထုတ်ဖော်ပြသခဲ့ကြသည်။ 

Source yahoo 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 231 times