အိန္ဒိယတွင် အီးဗီနှင့် ဘက်ထရီ စက်ရုံ တည်ထောင်ရန် VinFast စီစဉ်


အိန္ဒိယတွင် အီးဗီနှင့် ဘက်ထရီ စက်ရုံ တည်ထောင်ရန် VinFast စီစဉ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ဗီယက်နမ်လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီ VinFast သည် အိန္ဒိယတွင် ၎င်း၏ပထမဆုံးသောကုန်ထုတ်လုပ်မှုစက်ရုံများ တည်ထောင်ရန် စနေနေ့ (ဇန်နဝါရီ ၆)တွင် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

VinFast သည် ကမ္ဘာ့ တတိယအကြီးဆုံး ကားဈေးကွက်ဖြစ်သည့် အိန္ဒိယကားဈေးကွက်တွင် ခြေကုပ်ရရှိရန် ကြိုးပမ်းနေသည်။ 


VinFast နှင့် အန္ဒိယ တောင်ပိုင်းမှ  Tamil Nadu ပြည်နယ်တို့သည် ကန်ဒေါ်လာ ၂ ဘီလီယံအထိ ရင်းနှီးမြုပ်နှံရန် သဘောတူညီခဲ့ကြသည်။ စီမံကိန်း ပထမ ၅ နှစ်တွင် ကန်ဒေါ်လာ သန်း ၄၀၀ ရင်းနှီးမြှုပ်နှံရန် ကတိကဝတ်ပြုထားသည်။ 


စီမံကိန်းတွင်  အီးဗီ ထုတ်လုပ်ရေး နှင့် ဘက်ထရီ ထုတ်လုပ်ရေး စက်ရုံများ တည်ဆောက်ခြင်း ပါဝင်ပြီး ဆောက်လုပ်ရေးကို ယခုနှစ်တွင် စတင်ရန် မျှော်မှန်းထားသည်။

VinFast ၏ ဗီယက်နမ်မှ ပင်မစက်ရုံသည် တစ်နှစ်လျှင် အီးဗီ အစီးရေ ၂ သိန်းခွဲအထိ ထုတ်လုပ်နိုင်သည်။ အိန္ဒိယမှ စက်ရုံသည် တစ်နှစ်လျှင် အီးဗီအစီးရေ ၁ သိန်းခွဲအထိ ထုတ်လုပ်နိုင်မည် ဖြစ်သည်။

Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 157 times