အီးဗီတက္ကဆီလုပ်ငန်းထံ ရောင်းအားကို VinFast ဆက်လက် အားပြုထားမည်


အီးဗီတက္ကဆီလုပ်ငန်းထံ ရောင်းအားကို VinFast ဆက်လက် အားပြုထားမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ဗီယက်နမ်မှ လျှပ်စစ်တက္ကဆီလုပ်ငန်း GSM သည် VinFast လျှပ်စစ်ကားများ၊ အီးစတူတာများဖြင့် ပြေးဆွဲလျက်ရှိပြီး VinFast ထံမှ လျှပ်စစ်ကားများ၊ အီးစတူတာများ အများဆုံး ဝယ်ယူသည့် လုပ်ငန်းဖြစ်သည်။


VinFast သည် GSM လျှပ်စစ်တက္ကဆီလုပ်ငန်းထံ လျှပ်စစ်ကားများနှင့် လျှပ်စစ်စကူတာများကို ၂၀၂၄ ခုနှစ်တွင် ဆက်လက်ရောင်းချမည် ဖြစ်ပြီး အထူးလျှော့ဈေး အစီအစဉ် မပါကြောင်း VinFast စီအီးအိုက ပြောကြားသည်။

ပြီးခဲ့သည့် ၆ လတာတွင် VinFast ထူထောင်သူ ဘီလျံနာ Pham Nhat Vuong က ၉၅% ပိုင်သော GSM အီးဗီတက္ကဆီလုပ်ငန်းထံ အီးဗီ ၁၃,၀၀၀ ကို VinFast ရောင်းချခဲ့သည်။ 
၎င်းအစီးရေသည် VinFast ရောင်းအား အစီးရေ စုစုပေါင်း၏ သုံးပုံနှစ်ပုံခန့် ရှိသည်။ 

GSM သည် VinFast ထံမှ ယခုနှစ် မတ်လမှစတင်၍ နှစ်နှစ်အတွင်း လျှပ်စစ်ကားအစီးရေ ၃ သောင်း နှင့် လျှပ်စစ်စကူတာ အစီးရေ ၂ သိန်း ဝယ်ယူရန် ကတိပြုထားသည်။

Vinfast နှင့် GSM တို့၏ ပိုင်ရှင်မှာ Pham Nhat Vuong တဦးတည်း ဖြစ်နေသော်လည်း ယာဉ်များ အရောင်းအဝယ် လုပ်ရာတွင် လုပ်ငန်းတစ်ခုမှ တစ်ခုသို့ ရောင်းကြဝယ်ကြသည့်အတိုင်း လုပ်ဆောက်ကြသည်ဟု Thuy က ပြောကြားသည်။

Vinfast အီးဗီ တက္ကဆီကို စီးကြသူများသည် နှစ်သက်မိကြပြီး VinFast အီးဗီ ဝယ်ဖို့ စဉ်းစားမိစေသည်ဟု Thuy က ပြောကြားသည်။


GSM သည် ဗီယက်နမ်၏ ပထမဆုံး အီးဗီဖြင့်သာ ပြေးဆွဲသည့် တက္ကစီဝန်ဆောင်မှုဖြစ်ပြီး ယခုနှစ်အစောပိုင်းတွင် စတင်ခဲ့သည်။
GSM သည် ပင်လယ်ရပ်ခြားသို့ ချဲ့ထွင်ရန် အစီအစဉ် ရေးဆွဲထားပြီး လာအိုတွင် စတင်ပြေးဆွဲရန် ပြင်ဆင်နေသည်။ 


 GSM အကြီးအကဲ Nguyen Van Thanh က ဗီယက်နမ်နှင့် လာအိုတို့တွင် အီးဗီတက္ကဆီ ဝန်ဆောင်မှု ပေးအပ်မည့်အပြင် အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် အမေရိကန်တို့တွင်လည်း အီးဗီတက္ကဆီ ပြေးဆွဲမည်ဟု ပြောကြားသည်။ သို့ဖြစ်ရာ GSM ချဲ့ထွင်သည့်အလျောက် VinFast အီးဗီများကို ဝယ်ယူသုံးစွဲသွားမည် ဖြစ်သည်။ 

Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 633 times