အင်ဒိုနီးရှားတွင် တက္ကဆီဝန်ဆောင်မှု VinFast လုပ်ကိုင်မည်


အင်ဒိုနီးရှားတွင် တက္ကဆီဝန်ဆောင်မှု VinFast လုပ်ကိုင်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

အင်ဒိုနီးရှား၏ အီးဗီစျေးကွက် မြင့်တက်လာမှုကို တွက်ချက်ချင့်ချိန်ကာ ဗီယက်နမ် EV ထုတ်လုပ်သူ VinFast သည် အင်ဒိုနီးရှားရှိ တပ်ဆင်စက်ရုံတစ်ခုတွင် ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှုပ်နှံမည်ဟု ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် ကတိကဝတ်ပြုခဲ့သည်။
အဆိုပါစက်ရုံသည် တစ်နှစ်လျှင် ကားအစီးရေ ၄၀,၀၀၀ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်တွင် စတင်လည်ပတ်နိုင်မည်ဖြစ်သည်။

"ကျွန်ုပ်တို့သည် VF 6 နှင့် VF 7 ကို ယာဘက်စတီယာရင် မော်ဒယ်များကို ၂၀၂၄ ခုနှစ်တွင် အင်ဒိုနီးရှား၌ စတင်ရောင်းချမည်၊ ထို့နောက် VF e34 နှင့် VF 5 တို့ကိုလည်း ရောင်းချရန် စီစဉ်ထားပါသည်" ဟု အဆိုပါကုမ္ပဏီက ထိုအချိန်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"ကျွန်ုပ်တို့၏ EV များနှင့် ဘက်ထရီများ ထုတ်လုပ်ရန်အတွက် စက်ရုံများ တည်ထောင်ရန် စျေးကွက်အသစ် ခုနစ်ခုအနက် အင်ဒိုနီးရှားတွင် နှိုင်းစာပါက ကုန်ကျစရိတ်သက်သာခြင်း၊ ပြည်တွင်းမှာ ကုန်ကြမ်းများ ရရှိနိုင်ခြင်းတို့ကြောင့် အင်ဒိုနီးရှားကို အဓိက အလားအလာရှိသော ဈေးကွက်တစ်ခုအဖြစ် ကျွန်ုပ်တို့ ဖော်ထုတ်သတ်မှတ်ထားပါသည်။" ဟု ၎င်းကြေညာချက်တွင် ဖော်ပြထားသည်။

VinFast သည် အင်ဒိုနီးရှားဈေးကွက်တွင် စုစုပေါင်း ကန်ဒေါ်လာ ၁.၂ ဘီလီယံကို ရေရှည်ကာလအတွင်း ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်သည်။ 

အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒူဒူ (ဂျိုကိုဝီ) သည် ဗီယက်နမ်သို့ သွားရောက်ခဲ့စဉ်က VinFast ကားစက်ရုံကို VinFast စီအီးအို Pham Nhat Vuong နှင့်အတူ လှည့်ပတ်ကြည့်ရှုခဲ့သည်။ 
Vuong က အင်ဒိုနီးရှားတွင် VinFast ၏ အီးဗီများ ရောင်းချလိုသည်။ VinFast ၏ အီးဗီများကို အင်ဒိုနီးရှားတွင် ထုတ်လုပ်ရန်လည်း ဆန္ဒရှိသည်။ ထို့အပြင် အက်ပ်အသုံးပြု တက္ကဆီ ခေါ်ပေးသည့်ဝန်ဆောင်မှုနှင့် တက္ကဆီ ဝန်ဆောင်မှုတို့ကို လုပ်ကိုင်ရန်လည်း ရည်ရွယ်ထားသည်။

VinFast ၏ မူလပထမ ပင်မ စက်ရုံသည် ဗီယက်နမ်တွင် တည်ရှိသည်။ အမေရိကန်တွင် စက်ရုံတရုံ အကောင်အထည်ဖော်နေသည်။ အိန္ဒိယတွင် စက်ရုံတရုံ ထူထောင်ရန် စီစဉ်နေသည်။ သို့ဖြစ်ရာ အင်ဒိုနီးရှားမှ စက်ရုံသည် VinFast ၏ စတုတ္ထမြောက်စက်ရုံ ဖြစ်လာမည် ဖြစ်သည်။

Vuong က ဗီယက်နမ်တွင် အီးဗီတက္ကဆီ ကုမ္ပဏီ GSM ကို ထူထောင်လုပ်ကိုင်သည်။ GSM သည် လာအိုတွင် လုပ်ကိုင်ရန် စီစဉ်နေသည်။ GSM ၏ အီးဗီတက္ကဆီများသည် VinFast အီးဗီများ ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် VinFast အီးဗီ အစီးရေ ၇,၁၀၀ ကို GSM ဝယ်ယူခဲ့သည်။
VinFast သည် ၂၀၂၃ ခုနှစ်တွင် GSM ကို ရောင်းချသည့် အီးဗီများ အပါအဝင် အစီးရေ ၂၁၃၄၂ စီး ရောင်းချခဲ့သည်။ 
 
GSM သည် တက္ကစီဝန်ဆောင်မှုကို ဗီယက်နမ် အငှားယာဉ် ဝန်ဆောင်မှု အက်ပ်လုပ်ငန်း Be Group မှတဆင့် လုပ်ကိုင်သည်။ ထို့ပြင် Be Group မှ တက္ကဆီယာဉ်မောင်းများကို VinFast EV များကို ဝယ်ယူရန်အတွက် လျှော့ဈေးဖြင့် ရောင်းချပေးသည်။

အင်ဒိုနီးရှားတွင် အင်ဒိုနီးရှားမှ အငှားယာဉ် ဝန်ဆောင်မှု အက်ပ်လုပ်ငန်း Gojek နှင့် ပူးပေါင်း လုပ်ကိုင်မည် ဖြစ်သည်။ ၎င်းအစီအစဉ်အတွက် ကန်ဒေါ်လာ သန်း ၉၀၀ ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။
Source Asia Nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 141 times