ဗီယက်နမ် VinFast ဒေါ်လာ ၂ ဘီလျံ အီးဗီစက်ရုံ သမ္မတဘိုင်ဒင် ကြိုဆို


ဗီယက်နမ် VinFast ဒေါ်လာ ၂ ဘီလျံ အီးဗီစက်ရုံ သမ္မတဘိုင်ဒင် ကြိုဆို

ဗီယက်နမ်မှ မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ်ငန်း VinFast က အမေရိကန်နိုင်ငံမှာ လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံအသစ်တစ်ခု ထူထောင်လုပ်ကိုင်မယ့် အစီအစဉ်က အလုပ်အကိုင် ၇,၀၀၀ ကျော် ရရှိမှာ ဖြစ်လို့ အမေရိကန်သမ္မတ ဘိုင်ဒင် ကြိုဆိုကြောင်း ပြောကြားပါတယ်။

VinFast က ၂၀၂၂ မတ်လ ၂၉ ရက်မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ စစချင်းမှာ စက်ရုံတစ်ခု ထူထောင်လုပ်ကိုင်နိုင်ဖို့ အမေရိကန်ဒေါ်လာ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပြီး စက်ရုံကို အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားမှာ တည်ဆောက်မှာ ဖြစ်ပါတယ်။ စက်ရုံက လျှပ်စစ်ဘတ်စ်များ၊ လျှပ်စစ်SUV များ ထုတ်လုပ်မှာ ဖြစ်ပြီး လျှပ်စစ်မော်တော်ယာဉ်သုံး ဘက်ထရီများလည်း ထုတ်လုပ်ပါမယ်။

မြောက်ကယ်ရိုလိုင်းနားမှာ ပထမဆုံး ကားစက်ရြံဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အကြီးမားဆုံး ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံရဲ့ အကြီးမားဆုံး ကုမ္ပဏီစုကြီး Vingroup  က ပြောကြားခဲ့သည်မှာ အမေရိကန်ရှ် ပထမဆုံး စက်ရုံအတွက် အမေရိကန်ဒေါ်လာ ၄ ဘီလျံ ၄ ဘီလျံ ရင်းနှီးမြှုပ်နှံရန် လျာထားကြောင်း အသိပေးပြောကြားခဲ့ပါတယ်။

ဆောက်လုပ်ရေးကို ယခုနှစ်အတွင်း စတင်မှာဖြစ်ပြီး ယခုလောလောဆယ်မှာ ခွင့်ပြုမိန့် ကျဖို့ စောင့်နေပါတယ်။ စက်ရုံကို ၂၀၂၄ ဇူလိုင်လမှာ အပြီးဆောက်လုပ်ဖို့ လျာထားပါတယ်။ ကနဦးကာလ ထုတ်လုပ်နိုင်စွမ်းက တစ်နှစ်လျှင် စီးရေ ၁၅၀,၀၀၀  ဖြစ်တယ်လို့ VinFast က ပြောကြားပါတယ်။ 

ယခုအခါ လျှပ်စစ် SUV မော်ဒယ် ၂ မျိုးအတွက် ကြိုတင်အမှာစာများကို လက်ခံနေပြီ ဖြစ်ပါတယ်။ ၂၀၂၂ စတုတ္ထ ၃လပတ်မှာ ထုတ်လုပ်ပေူအပ်ဖို့ ကတိပြုထားပါတယ်။

VF8 sport SUV ရောင်းဈေးက အမေရိကန်ဈေးကွက်မှာ အနိမ့်ဆုံးဈေး $41,000 ဖြစ်ပါတယ်။ 

Tesla SUV ရောင်းဈေးက $63,000 ဖြစ်တာကြောင့် VinFast က သက်သာပါတယ်။ 

ယခုနှစ်မှာ ကမ္ဘာတစ်လွှား အီးဗီကားစီးရေ ၄၂,၀၀၀ ရောင်းချဖို့ VinFast က လျာထားပါတယ်။

Read 8090 times