ဗီယက်နမ် VinFast က ကယ်လီဖိုးနီးယားမှာ အမှာစာများ စတင်လက်ခံ


ဗီယက်နမ် VinFast က ကယ်လီဖိုးနီးယားမှာ အမှာစာများ စတင်လက်ခံ

ဗီယက်နမ်မှ VinFast ကားလုပ်ငန်းက နိုင်ငံတကာ ကားဈေးကွက်များထဲ ဝင်ရောက်ဖို့  အမေရိကန်ဈေးကွက်ဖြင့် စတင်မှာ ဖြစ်ပါတယ်။

အမေရိကန်မှာ ကယ်လီဖိုးနီးယား ပြည်နယ်မှာ အရောင်းစဖွင့်မှာ ဖြစ်ပါတယ်။
ယခင်ကြေညာထားတဲ့အတိုင်း SUV လျှပ်စစ်ကား မော်ဒယ်တွေ ဖြစ်ကြတဲ့ VF 8 နှင့် VF 9 တို့ကို မိတ်ဆက် ရောင်းချပေးမှာ ဖြစ်ပါတယ်။
စောစောစီးစီး ကြိုတင်အမှာစာ တင်ရင် အထူးခံစားခွင့် ရရှိမှာ ဖြစ်ပါတယ်။


မိတ်ဆက်ပွဲ တစ်နေရာတည်းမှာ အရောင်းပြခန်း ဖွင့်လှစ်ပြီး ပြသမှာ မဟုတ်ဘဲ နယ်လှည့်ပြီး roadshow ဖြင့် ပြသမှာ ဖြစ်ပါတယ်။
လော့အိန်ဂျယ်လိစ်မြို့မှာ စတင်ပြသပြီးတဲ့အခါမှာ ကယ်လီဖိုးနီးယား ပြည်နယ်အတွင်းရှိ မြို့ကြီးများကို လှည့်လည်ပြသပြီး မတ်လ ၆ ရက်မှာ ဆန်ဖရန်စစ္စကိုမြို့မှာ အဆုံးသတ်ပါမယ်။

မိတ်ဆက်ပွဲ လာကြည့်ကြသူများ သိချင်တာတွေ မေးမြန်းနိုင်တယ်။ ကားအစမ်းမောင်းကြည့်နိုင်တယ်။ ကြိုတင်အမှာစာ မှာကြားနိုင်တယ်လို့ VinFast က အသိပေး ကြေညာထားပါတယ်။
မှာကြားဝယ်ယူတဲ့သူတွေကို ကြယ်၅ပွင့် ဟိုတယ်မှာ နေထိုင်ဖို့ ကန်ဒေါ်လာ ၃,၀၀၀ မှ ၅,၀၀၀ အထိ ထောက်ပံ့ကြေး ပေးအပ်မှာ ဖြစ်ပါတယ်။

 


 

Read 885 times