အာရှဖွံ့ဖြိုးရေးဘဏ်မှ သဘာဝစိမ်းလန်းရေး ရန်ပုံငွေ  ဒေါ်လာ ၁၃၅ သန်း ဗီယက်နမ် အီးဗီ ထုတ်လုပ်သူ VinFast


အာရှဖွံ့ဖြိုးရေးဘဏ်မှ သဘာဝစိမ်းလန်းရေး ရန်ပုံငွေ  ဒေါ်လာ ၁၃၅ သန်း ဗီယက်နမ် အီးဗီ ထုတ်လုပ်သူ VinFast  ရရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အာရှဖွံ့ဖြိုးရေးဘဏ် Asian Development Bank (ADB) ဦးဆောင်သော ကန်ဒေါ်လာ ၁၃၅ သန်း ဘဏ္ဍာငွေထောက်ပံ့မှု အစီအစဉ်ကို VinFast က လက်ခံရရှိထားကြောင်း ပြောကြားခဲ့သည်။
ဒေသတွင်း ရာသီဥတုနှင့်လိုက်ဖက်သော ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန် ဘဏ်၏ တွန်းအားပေးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အဆိုပါ ရန်ပုံငွေကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ 
.
ဗီယက်နမ်၏ အကြီးဆုံးလုပ်ငန်းစုကြီး Vingroup JSC ၏ မော်တော်ကားကုမ္ပဏီ VinFast က လျှပ်စစ်ကားများ ထုတ်လုပ်ရန်အတွက် ၎င်း၏ ပထမဆုံးသော သဘာဝစိမ်းလန်းရေး အကျိုးပြုချေးငွေ အနည်းဆုံး ဒေါ်လာ သန်း ၄၀၀ ရရှိရန် ယမန်နှစ်က အစီအစဉ် ချမှတ်ခဲ့ကြောင်း ပြောကြားသည်။ ရန်ပုံငွေအတွက် သတ်မှတ်ပြဋ္ဌာန်းချက်များ၊ လိုအပ်ချက်များကို ကိုက်ညီပြည့်မီစေရန် အစီအစဉ်များ ရေးဆွဲချမှတ်ကာ အကောင်အထည်ဖော်ခဲ့သည်။ 
.
၂၀၁၉ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ပြီး သြဂုတ်လတွင် လောင်စာဆီသုံး အင်ဂျင်မောင်းနှင်သောကားများ ထုတ်လုပ်ခြင်းကို အပြီးအပိုင် ရပ်ခဲ့သည့် VinFast သည် ၂၀၂၆ ခုနှစ်တွင် ကမ္ဘာ့ဈေးကွက်တွင် လျှပ်စစ်ကား စီးရေ  ၇ သိန်းခွဲ ရောင်းချနိုင်ရန် ရည်မှန်းထားသည်။ 
ကို ရည်မှန်းထားသည်။ အမေရိကန်ဈေးကွက်ထဲ အရှိန်တင်ထားသည်။ 
Source vnexpress

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 221 times