၂၀၂၃ ခုနှစ် နောက်ဆုံး ၃ လတာအတွင်း VinFast ဒေါ်လာ သန်း ၆၅၀ ကျော် အသားတင်အရှုံးပေါ်


၂၀၂၃ ခုနှစ် နောက်ဆုံး ၃ လတာအတွင်း VinFast ဒေါ်လာ သန်း ၆၅၀ ကျော် အသားတင်အရှုံးပေါ်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အီးဗီ လုပ်ငန်းသစ်များ၏ ပထမ ၅ နှစ်တာသက်တမ်းမှာ အရှုံးကို ရင်ဆိုင်ကြရလေ့ရှိပေရာ ဗီယက်နမ်မှ လျှပ်စစ်ကား ထုတ်လုပ်ရေး လုပ်ငန်း VinFast သည်လည်း အရှုံးပြနေဆဲ အခြေအနေမှာ ဆက်ရှိနေသည်။ သို့သော် ယခုနှစ်ထဲ အခြေအနေ ကောင်းလိမ့်မည်ဟု မျှော်မှန်းထားသည်။ 

.

VinFast သည် ၂၀၂၃ ခုနှစ် နောက်ဆုံး ၃ လပတ်တွင် ကန်ဒေါ်လာ ၆၅၀.၁ သန်း အသားတင် အရှုံးပေါ်ခဲ့သည်။ 

တနှစ်တာ ရောင်းအား အစီးရေ ၅ သောင်း လျာထားခဲ့ပြီး အစီးရေ ၃၅,၀၀၀ ခန့်သာ ရောင်းချနိုင်ခဲ့သည်။ 

.

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်တွင် VinFast က ယခုနှစ်တွင် ရောင်းအား ၃ ဆ တိုးရန် မျှော်မှန်းထားပြီး တနှစ်တာ ရောင်းအား အစီးရေ ၁ သိန်း လျာထားပါသည်။

.

"ဒီနှစ်မှာတော့ ကျွန်တော်တို့ ကမ္ဘာ့ဈေးကွက်ထဲ ချဲ့ထွင်နေတယ်။ ကားအမျိုးမျိုးလည်း ရှိနေပြီ။ ယာစတီယာရင် ကားတွေလည်း ထုတ်လုပ်နေပါပြီ။ ဒါကြောင့် လျာထားချက်အတိုင်း အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်ပါတယ်"ဟု VinFast အမျိုးသမီး ဥက္ကဋ္ဌ လီသီသူသွေးက ပြောကြားသည်။

.

အမေရိကန်နှင့် ဥရောပတို့တွင် အီးဗီ အရောင်း နှေးကွေးနေသည်။ ဟိုက်ဘရစ်ကားမော်ဒယ်များ စန်းထနေသည်။ သို့ဖြစ်ရာ အချို့ကားထုတ်လုပ်သူများသည် အီးဗီရောင်းအား လျာထားချက်ကို လျှော့ချကြသည်။ 

.

VinFast သည် ယမန်နှစ် မတ်လတွင် အမေရိကန်မှာ  VF 8 SUV စတင်ရောင်းချခဲ့သည်။ ရောင်းအား မကောင်းခဲ့ပါ။ မြောက်အမေရိကဈေးကွက်တွင် ရောင်းအား အစီးရေ ၁,၀၀၀ မပြည့်ချေ။ 

VinFast ရောင်းအားသည် ဗီယက်နမ် ပြည်တွင်းမှာသာ အများဆုံးဖြစ်ခဲ့သည်။ ၇၀% သည် ဗီယက်နမ်မှ တက္ကဆီနှင့် စင်းလုံးငှား ဝန်ဆောင်မှု လုပ်ငန်း Green Smart Car (GSM) မှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ GSM ကို VinFast စီအီးအို Pham Nhat Vuong က ကျောထောက်နောက်ခံ ပြုပေးထားသည်။ 

.

 

 VinFast ကို ၂၀၁၇ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည်။ အီးဗီ ထုတ်လုပ်သည့်လုပ်ငန်းအဖြစ်သို့ ၂၀၂၁ ခုနှစ်တွင် လုံးလုံးလျားလျား ကူးပြောင်းလိုက်သည်။ အီးဗီလုပ်ငန်းသက်တမ်း ၂ နှစ်ဝန်းကျင်အတွင်းမှာ  ပင်လယ်ရပ်ခြား စီမံကိန်းများ အကောင်အထည်ဖော်နေသည်။

အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားမှ စက်ရုံအသစ်သည် ၂၀၂၅ ခုနှစ်တွင် စတင်ထုတ်လုပ်မည်။ လတ်တလောတွင် အိန္ဒိယမှာ စက်ရုံဆောက်ရန် ပန္နက်ချခဲ့သည်။ အင်ဒိုနီးရှား ဈေးကွက်သို့ စတင်မောင်းဝင်သည်။ အင်ဒိုနီးရှားတွင် ကားစက်ရုံ ထားရှိမည်။

အာရှတွင် ကြီးမားသော ကားအသစ်ဈေးကွက် နှစ်ခု ဖြစ်သည့် အင်ဒိုနီးရှားနှင့် အိန္ဒိယတို့တွင် စက်ရုံ ထားရှိမည်။ ၎င်းဈေးကွက်နှစ်ခုတွင် ကားကို ဘက်ထရီဖိုး ထည့်မတွက်သည့် ဈေးနှုန်းများဖြင့် ရောင်းမည်။ ဘက်ထရီကို သက်သာသော လစဉ်ကြေးဖြင့် ငှားမည်။ 

.

"အိန္ဒိယနဲ့ အင်ဒိုနီးရှားမှာ စက်ရုံတွေကို ၂၀၂၆ မှာ စတင်ထုတ်လုပ်ဖို့ ကျွန်မတို့ မျှော်လင့်ထားပါတယ်" ဟု Thuy က ပြောသည်။ လက်ရှိတွင် ဗီယက်နမ်မှ စက်ရုံသည် ဈေးကွက်အားလုံးအတွက် ထုတ်လုပ်ပေးမည် ဖြစ်သည်။

 .

 Source Reuters 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read 744 times