နီဆန်းက ဒေါင်ဖန် အီးဗီ ပလက်ဖောင်းဖြင့် Venucia အီးဗီ ထုတ်လုပ်မည်


နီဆန်းက ဒေါင်ဖန် အီးဗီ ပလက်ဖောင်းဖြင့် Venucia အီးဗီ ထုတ်လုပ်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

 

တရုတ်ပြည်မှ လျှပ်စစ်ကားနည်းပညာကို ပြည်ပကားလုပ်ငန်းများ ရယူသုံးစွဲကြသည်။ Toyota က BYD ထံမှ ရယူသည်။

Volkswagen က  Xpeng ၏ Leapmotor ပလက်ဖောင်းကို ဝယ်ယူခဲ့ပြီး Jetta အမှတ်တံဆိပ် အီးဗီမော်ဒယ်များ ထုတ်လုပ်မည်။

ဂျပန်ကားထုတ်လုပ်သူ Nissan နှင့် တရုတ်နိုင်ငံမှ Dongfeng Motor တို့၏ ဖက်စပ်လုပ်ငန်း Dongfeng Nissan ၏ brand တစ်ခုဖြစ်သည့် Venucia ကို Dongfeng ၏ S အီးဗီစစ်စစ် ပလက်ဖောင်းဖြင့် အီးဗီစစ်စစ် မော်ဒယ်များကို တရုတ်ပြည်တွင်း ဈေးကွက်အတွက် ထုတ်လုပ်မည် ဖြစ်သည်။

Dongfeng Nissan ကို ၂၀၀၃ ခုနှစ် ဇွန်လတွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် Nissan၊ Infiniti နှင့် Venucia အမှတ်တံဆိပ်သုံးခုကို ထုတ်လုပ်လျက်ရှိသည်။
ယင်း brand ၃ ခုတွင် Nissan နှင့် Infiniti တို့သည်  Nissan ၏ အမှတ်တံဆိပ်များ ဖြစ်ကြပြီး Venucia သည်  Dongfeng Nissan ဖက်စက်လုပ်ငန်း၏ အမှတ်တံဆိပ် ဖြစ်သည်။

Venucia ကားမော်ဒယ်များကို တစ်နှစ်လျှင် အစီးရေ ၃ သိန်း ရောင်းချရန် ရည်မှန်းထားသည်။ ထို့နောက် လျာထားချက်ကို တိုးပေးသွားမည် ဖြစ်ပြီး တစ်နှစ်လျှင် အစီးရေ ၅ သိန်း ရောင်းချရန် လျာထားမည် ဖြစ်သည်။


တရုတ်ပြည်တွင်း ဈေးကွက်တွင် နီဆန်းသည် ၂၀၂၃ ဇန်နဝါရီလမှ ဇူလိုင်လအထိ ၄၁၈,၀၁၆ စီး ရောင်းချခဲ့သည်။ ဇူလိုင်လတွင် ၅၉,၅၀၇ စီး ရောင်းချခဲ့သည်။ 


Source cnevpost 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 629 times