Covid-19 ကြောင့် ၂၀၂၀ ခုနှစ်တွင် UK နိုင်ငံ၌ တည်ဆောက်ခဲ့သော ကားအရေအတွက်သည် ၂၉.၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည် ။ ကားအစီးရေ ၉၂၀,၉၂၈ စီးသာ ထုတ်လုပ်ခဲ့ပြီး ၁၉၈၄ ခုနှစ်မှ စတင်၍ အနိမ့်ဆုံးဖြစ်သည်။
မော်တော်ယာဉ်ထုတ်လုပ်သူများနှင့် ကုန်သည်များအသင်း (SMMT) ၏ နှစ်ပတ်လည် ကိန်းဂဏန်းများအရ ၂၀၂၀ ဒီဇင်ဘာလတွင် ထုတ်လုပ်မှု ၂.၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၇၁,၄၀၃ ယူနစ် သို့ရောက်ရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကျပ်အတည်း ပြီးနောက်ပထမဆုံးအကြိမ်အဖြစ် UK တွင် တည်ဆောက်ခဲ့သော ကားအစီးရေသည် တစ်သန်းမပြည့်မီသည်ကို တွေ့မြင်နိုင်သည်။
နိုင်ငံရပ်ခြားမှ ၀ယ်သူများအတွက် မော်တော်ကားထုတ်လုပ်မှုသည် ၂၀၂၀ တွင် ၂၉.၁ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၇၄၉,၀၃၈ ယူနစ်သို့ ရောက်ရှိခဲ့ပြီး UK စျေးကွက်အတွက် ထုတ်လုပ်မှုမှာ ၃၀.၄ ရာခိုင်နှုန်း၊ ၁၇၁,၈၉၀ ယူနစ်သို့ ကျဆင်းခဲ့သည်။ ကပ်ရောဂါများရှိနေသော်လည်း ပြီးခဲ့သည့်နှစ် UK တွင်တည်ဆောက်ခဲ့သောကား ၁၀ စီးတွင် ၈ စီးသည် ပြည်ပသို့တင်ပို့နိုင်ခဲ့သည်။ UK တွင်တည်ဆောက်ထားသော ကားအားလုံး၏ ၅၃.၅ ရာခိုင်နှုန်းဖြင့် ဥရောပသမဂ္ဂသည် အကြီးမားဆုံးစျေးကွက်အဖြစ် ဆက်လက်တည်ရှိနေသည်။
၂၀၂၀ ခုနှစ် မတ်လတွင် ပထမဦးဆုံး လော့ခ်ဒေါင်းကြောင့် နိုင်ငံတစ်ဝန်း ကားစက်ရုံများ ရပ်တန့်သွားပြီး Covid-19 ကို ကြိုတင်ပြင်ဆင်မှုများ မပြုလုပ်မချင်း ထုတ်လုပ်မှုကို ရပ်ဆိုင်းထားခဲ့သည်။ ကားအရောင်းပြခန်းများကိုလည်း ထပ်မံပိတ်ဆို့မှုကြောင့် ပိုမိုဆိုးရွားလာခဲ့ပြီး ပြီးခဲ့သည့်နှစ် ကားမှတ်ပုံတင်ခြင်းသည် ၂၉.၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။
Society of Motor Manufacturers and Traders (SMMT) မှ UK နိုင်ငံ၏ ကားထုတ်လုပ်မှုသည် နိုင်ငံအတွင်းနှင့်ပြည်ပ မှ ချမှတ်ထားသော လော့ခ်ဒေါင်း သတ်မှတ်ချက်များ ဖြေလျှော့ပေးမှု နှင့် အရောင်းပြခန်းများ ပြန်လည်ဖွင့်လှစ်မှုများအပေါ် မူတည်နေကြောင်း ပြောကြားသည်။
SMMT ၏ အမှုဆောင်အရာရှိချုပ် Mike Hawes သည် UK-EU ၏ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်သည် မော်တော်ကားလုပ်ငန်းကို Brexit Transition Period ရှောင်ရှားစေခဲ့ပြီး UK နှင့် EU အကြား အကောက်ခွန်လွတ် ကုန်သွယ်ရေးကို ခွင့်ပြုခဲ့ကြောင်း ပြောကြားခဲ့သည်။
ဤအတောအတွင်းတွင် လျှပ်စစ်ကား ၊ plug-in hybrid နှင့် သမားရိုးကျ hybrid ယာဉ်များ ထုတ်လုပ်မှု စုစုပေါင်းသည် ၂၀၁၉ ခုနှစ်တွင် UK နိုင်ငံ ကားထုတ်လုပ်မှုသည် ၁၄.၈ ရာခိုင်နှုန်းမှ ပြီးခဲ့သည့်နှစ် တွင် ၁၈.၈ ရာခိုင်နှုန်း သို့မြင့်တက်ခဲ့သည်။ အထူးသဖြင့် လျှပ်စစ်ကားများသည် ၂၀၁၉ ခုနှစ်တွင် ၃.၄ ရာခိုင်နှုန်းမှ ပြီးခဲ့သည့်နှစ်တွင် ၄.၅ ရာခိုင်နှုန်း သို့တိုးလာခဲ့သည်။
ပြီးခဲ့သည့်နှစ်တွင် အမေရိကန်၊ ဂျပန်နှင့်သြစတြေးလျသို့ တင်ပို့မှုမှာ ၃၃.၇ ရာခိုင်နှုန်း၊ ၂၁.၆% နှင့် ၂၁.၈% အသီးသီးကျဆင်းခဲ့သည်။ သို့သော် တရုတ်သို့ ပို့ကုန်သည် ၂.၃% တိုးတက်ခဲ့ပြီး တောင်ကိုရီးယားနှင့် ထိုင်ဝမ်သို့လည်း ၃ ဒသမ ၆ ရာခိုင်နှုန်းနှင့် ၁၆.၇% အသီးသီးမြင့်တက်ခဲ့သည်။