တရုတ်ပြည်အတွက် လျှပ်စစ်ကား မော်ဒယ် ၂ မျိုး Toyota ပွဲထုတ်ပြသ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Toyota သည် တရုတ်နိုင်ငံတွင် ၎င်း၏ ပထမဆုံး လျှပ်စစ်ဆလွန်းကားများအတွက် အမှာစာများ စတင်လက်ခံနေပြီဖြစ်ပြီး နောက်ထပ် မော်ဒယ် ၂ မျိုး လာမည့်နှစ်တွင် တရုတ်ပြည်တွင်းဈေးကွက်သို့ ရောက်ရှိလာမည်ဟု ကြေညာခဲ့သည်။
အောက်တိုဘာလတွင် ကြေညာခဲ့သော bZ3 လျှပ်စစ်ဆလွန်းကားသည် စတင်ရောင်းချသည့်နေ့တွင် အမှာစာ ၅၀၀၀ ရရှိခဲ့ကြောင်း တရုတ်အစိုးရပိုင် ကားထုတ်လုပ်သူ FAW နှင့် Toyota တို့ ၏ ဖက်စပ်လုပ်ငန်း ကြေညာပါသည်။
အဆိုပါကားသုံးစီးသည် ဂျပန်ကားကုမ္ပဏီကြီး Toyota ၏ bZ ("beyond zero" "သုညအလွန်")
ဘက်ထရီ-လျှပ်စစ်ကား အစီအစဉ်အရ ထုတ်လုပ်သည့် ကားမော်ဒယ်များ ဖြစ်ပါသည်။
.
bZ3 လျှပ်စစ်ဆလွန်းကားသည် BYD ၏ ဘက်ထရီနှင့် အီးဗီနည်းပညာတို့ကို သုံးစွဲထားပါသည်။ ခရီးတာ ကီလိုမီတာ ၅၀၀ (၃၁၀ မိုင်) ကျော်အထိ ရပါသည်။
ဈေးနှုန်းမှာ ယွမ် ၁၆၉,၈၀၀($24,643) ဖြစ်ပါသည်။
ယခင် ဒီဇင်ဘာလတွင် ယွမ် ၁၈၉,၈၀၀ ဟု ကြေညာခဲ့ပြီး ယခု ဈေးချလိုက်ခြင်း ဖြစ်ပါသည်။
နှိုင်းယှဉ်ကြည့်မည်ဆိုပါက
BYD Han ဈေးနှုန်းမှာ ယွမ် ၂၀၉,၈၀၀ ၊
Tesla Model 3 ဈေးနှုန်းမှာ ယွမ် ၂၂၉,၉၀၀
ဖြစ်ပါသည်။
ယခင် Toyota မှ လျှပ်စစ် bZ4x SUV ဈေးနှုန်းမှာ ယွမ် ၁၉၉,၈၀၀ ဖြစ်ပါသည်။
bZ4x SUV ရောင်းအားသည် Toyota Rav4 SUV ကို မမီပါ။
Rav4 သည် တရုတ်နိုင်ငံ အိမ်စီးကားအသင်း China Passenger Car Association မှ ထုတ်ပြန်သည့် အချက်အလက်များအရ ယမန်နှစ်က တရုတ်ပြည်တွင်းဈေးကွက်တွင် ဆဌမ အများဆုံး ရောင်းချရသည့် SUV ဖြစ်ပါသည်။
ရှန်ဟိုင်းကားပြပွဲတွင် Toyota က "bZ Sport Crossover Concept" နှင့် "bZ FlexSpace Concept" မော်ဒယ် ၂ မျိုးကို ပွဲထုတ်ပြသပါသည်။ မော်ဒယ် ၂ မျိုးစလုံး တရုတ်ပြည်တွင်း ဈေးကွက်အတွက်ဖြစ်ပြီး နောက်နှစ်တွင် စတင် ရောင်းချပါမည်။
"bZ Sport Crossover Concept" ကို Toyota၊ BYD နှင့် တရုတ်အစိုးရပိုင် FAW တို့ အတူပူးပေါင်း လုပ်ကိုင်ပါသည်။
"bZ FlexSpace Concept" ကို တိုယိုတာနှင့် အစိုးရပိုင် GAC တို့ ပူးပေါင်းလုပ်ကိုင်ပါသည်။
.
Toyota သည် ဟိုက်ဒြိုဂျင်ဖြင့် မောင်းနှင်သည့်ကားမော်ဒယ်ကိုလည်း လုပ်ကိုင်လျက်ရှိပြီး နောက်နှစ်တွင် ပွဲထုတ်ပြသနိုင်လိမ့်မည်ဟု ဆိုပါသည်။ ပေကျင်းမြို့တွင် ထုတ်လုပ်ပါမည်။ ဂျပန်နိုင်ငံပြင်ပတွင် Toyota ၏ ဟိုက်ဒရိုဂျင်လောင်စာစနစ်ကားများထုတ်လုပ်သော ပထမဆုံးစက်ရုံဖြစ်လာပါမည်။
Source cnbc
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U