ထိုင်းကားပြပွဲ Toyota စီးရေ အများဆုံး ရောင်းချခဲ့


ထိုင်းကားပြပွဲ Toyota စီးရေ အများဆုံး ရောင်းချခဲ့

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Impact Muang Thong Thani တွင် ကျင်းပခဲ့သော ၃၉ ကြိမ်မြောက် Thailand International Motor Expo 2022 ကားပြပွဲတွင် ကားစီးရေ စုစုပေါင်း ၃၆,၆၇၉ စီးနှင့် မော်တော်ဆိုင်ကယ်စီးရေ စုစုပေါင်း ၆,၀၈၉ စီး ရောင်းချခဲ့ကြောင်း ပွဲစီစဉ်သည့် 39th Motor Expo ၏ ဥက္ကဋ္ဌ Kwanchai Paphatphong က ပြောကြားသည်။
Toyota စီးရေအများဆုံး ရောင်းချခဲ့ရာ ၆၀၆၄ စီး ရောင်းချခဲ့သည်။
Honda စီးရေ ဒုတိယအများဆုံး ရောင်းချခဲ့ရာ ၃,၂၅၂ စီး ရောင်းချခဲ့သည်။
ထိုင်းဈေးကွက်သို့ ဝင်ရောက်ခါစဖြစ်ပြီး အမှာစာ ဖြင့် ရောင်းချသည့် BYD က ၂,၇၁၄ စီး ရောင်းချပြီး ‌တတိယနေရာ ရရှိခဲ့သည်။
တတိယအများဆုံး ရောင်းချသူ ဖြစ်နေကျ Isuzu က စတုတ္ထနေရာသို့ ရောက်ရှိသွားသည်။ စီးရေ ၂,၆၄၈ ရောင်းချခဲ့သည်။
Nissan က ၂,၄၇၈ စီး ရောင်းချပြီး ဆဌမအများဆုံးရောင်းချသူ ဖြစ်ပါသည်။
အသေးစိတ်စာရင်းကို အောက်ဆုံးတွင် ဖော်ပြပေးထားပါသည်။ 

ကားအမျိုးအစားအရကြည့်လျှင် Sport utility vehicle (SUV) အများဆုံး ရောင်းချခဲ့ပြီး ပြပွဲရောင်းအားစုစုပေါင်း၏ ၅၃.၉% သည် SUV ဖြစ်ပါသည်။
ဆီဒင်က ၃၉.၃% ဖြင့် ဒုတိယအများဆုံး ဖြစ်ပါသည်။
ပစ်ကပ်က ၁၁.၈% ဖြင့် တတိယအများဆုံး ဖြစ်ပါသည်။

အီးဗီများတွင် BYD အများဆုံး ရောင်းချခဲ့ပြီး ဒုတိယအများဆုံးမှာ Hozon Auto ဖြစ်ပါသည်။ 
MG က တတိယအများဆုံး ဖြစ်ပါသည်။

မော်တော်ဆိုင်ကယ်တွင် အီတလီ Lambretta က ၁,၈၃၉ စီး ရောင်းချပြီး စီးရေအများဆုံး ရောင်းချခဲ့ပါသည်။ 
Yamaha က စီးရေ ဒုတိယအများဆုံးဖြစ်ပြီး ၁,၄၀၈ စီး ရောင်းချခဲ့ပါသည်။ 
EM က စီးရေ ၅၁၆ စီး ရောင်းချပြီး တတိယအများဆုံး ဖြစ်ပါသည်။
ဟွန်ဒါက စတုတ္ထနေရာ ရရှိပြီး ၄၄၅ စီး ရောင်းချခဲ့ပါသည်။
Royal Enfield က ပဉ္စမအများဆုံးဖြစ်ပြီး ၄၁၀ စီး ရောင်းချခဲ့ပါသည်။

ပြပွဲတွင် ကားအတွက် ပျမ်းမျှ စျေးနှုန်းမှာ ဘတ် ၁ ဒသမ ၃၄ သန်း ဖြစ်ပါသည်။ မော်တော်ဆိုင်ကယ်အတွက် ပျမ်းမျှဈေးနှုန်းမှာ ဘတ် ၂၅၃,၆၉၉ ဖြစ်ပါသည်။

ပွဲစီစဉ်သူ Motor Expo 2022 ၏ အဆိုအရ ပြပွဲသို့ လာရောက်ကြည့်ရှုသူ ဦးရေ ၁.၃၃ သန်း ရှိပါသည်။


 Source nationthailand
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1398 times