တန်ဖိုးနည်းကင်မရာသုံး ပင်ကိုမောင်းနှင်နည်းပညာ ဖွံ့ဖြိုးရေးအတွက် Toyota နှင့် Tesla ပူးပေါင်း


တန်ဖိုးနည်းကင်မရာသုံး ပင်ကိုမောင်းနှင်နည်းပညာ ဖွံ့ဖြိုးရေးအတွက် Toyota နှင့် Tesla ပူးပေါင်း

Toyota Motor ရဲ့ လုပ်ငန်းတစ်ခု ဖြစ်တဲ့  Woven Planet က Tesla Inc နှင့်အတူ တန်ဖိုးနည်းကင်မရာသုံး ပင်ကိုမောင်းနှင်နည်းပညာ ဖွံ့ဖြိုးရေးကို လုပ်ဆောင်ပါမယ်။ လေဆာအလင်းတန်း သုံးစွဲတဲ့ lidar (Light Detection and Ranging) လို ဈေးကြီးတဲ့ အာရုံခံကိရိယာ sensor များ မသုံးဘဲ ဈေးသက်သာတဲ့ ကင်မရာများဖြင့် ကားကို အဆင့်မြင့်ပင်ကိုမောင်းနှင်စွမ်းရည် ရရှိစေမှာ ဖြစ်ပါတယ်။ 
 

Woven Planet အသုံးပြုတဲ့ ကင်မရာများက sensor များထက် ၉၀% ဈေးသက်သာပါတယ်။ အိမ်စီးကားတွေမှာ တပ်ဆင်ဖို့လည်း လွယ်ကူတဲ့ ကင်မရာများ ဖြစ်ပါတယ်။
ဈေးသက်သာတဲ့ ကင်မရာများ ရယူပေးတဲ့ ဒေတာတွေဖြင့် ရရှိလာတဲ့ ပင်ကိုမောင်းနှင်စွမ်းရည်က ဈေးကြီးတဲ့ အာရုံခံကိရိယာတွေ သုံးစွဲပြီး ရရှိလာတဲ့ ပင်ကိုမောင်းနှင်စွမ်းရည်နှင့် အရညိအသွေး အဆင့်အတန်း တူညီပါတယ်။

Read 426 times