ဖိလစ်ပိုင် ကားဈေးကွက် Toyota  ဆက်လက် ကြီးစိုးထား


ဖိလစ်ပိုင် ကားဈေးကွက် Toyota  ဆက်လက် ကြီးစိုးထား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဖိလစ်ပိုင် မော်တော်ကားထုတ်လုပ်သူများ ကုန်သည်ကြီးများအသင်း Chamber of Automotive Manufacturers of the Philippines, Inc. (CAMPI)နှင့် ထရပ်ကားထုတ်လုပ်သူများအသင်း (TMA) တို့မှ ထုတ်ပြန်တဲ့ အချက်အလက်များအရ  ၂၀၂၂ အောက်တိုဘာလမှာ အိမ်စီးကား ရောင်းအား အတိုးအလျော့ သိသိသာသာ ပြောင်းလဲခြင်း မရှိပေမဲ့ လုပ်ငန်းသုံးယာဉ် ရောင်းအား မြင့်တက်ခဲ့ပါတယ်
 ၂၀၂၂ ပထမ ၁၀ လအတွင်း အိမ်စီးကား စီးရေ ၆၈,၃၅၂ ရောင်းချခဲ့ပါတယ်။ ၂၀၂၁ ပထမ ၁၀ လအတွင်း အိမ်စီးကား စီးရေ ၆၈,၆၀၂ ရောင်းချခဲ့ပါတယ်။ ယခုနှစ်မှာ ယခင်နှစ်ထက် ၀.၄% လျော့နည်းပါတယ်။

 ၂၀၂၂ အောက်တိုဘာလ ကားရောင်းအားမှာ Toyota က နံပါတ် ၁ နေရာမှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ ၁၅,၅၄၁ စီး ရောင်းချခဲ့ပါတယ်။
 ဒုတိယနေရာမှ Mitsubishi က ၅,၅၂၇ စီး ရောင်းချခဲ့တယ်။ Toyota က Mitsubishi ထက် ၃ ဆနီးပါး အပြတ်အသတ် ပိုများပါတယ်။
 တတိယနေရာမှ Ford က ၂,၄၀၁ စီး ရောင်းချခဲ့ပါတယ်။ Mitsubishi ထက် ထက်ဝက်ကျော် နည်းပါတယ်။ 
 စတုတ္တနေရာမှ Nissan နှင့် ပဉ္စမနေရာမှ Suzuki တို့အကြား ၂ စီးသာ ကွာခြားပါတယ်။ 
 Nissan က ၁,၆၉၄ စီး ရောင်းချခဲ့ပြီး Suzuki က ၁,၆၉၂ စီး ရောင်းချခဲ့ပါတယ်။ 
အရောင်းရဆုံး ကား brand ထိပ်တန်း (၅) ခုစာရင်းမှာ အောက်တိုဘာလ ရလဒ်နှင့် ယခုနှစ် ပထမ ၁၀ လတာ ရလဒ်တို့ အတူတူ ဖြစ်နေတာ တွေ့ရပါတယ်။ 
ယခုနှစ် ပထမ ၁၀ လတာအတွင်း Toyota Motor Philippines က ၁၄၀,၄၂၅ စီး ရောင်းချခဲ့ပြီး ပထမနေရာ ရယူထားဆဲ ဖြစ်ပါတယ်။


ဖိလစ်ပိုင်ဈေးကွက် ၂၀၂၂ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လတာ အရောင်းရဆုံး ကား Brand ထိပ်တန်း(၁၀)
Toyota Motor Philippines – 140,425
Mitsubishi Motors Philippines – 40,666
Ford Philippines – 18,645
Nissan Philippines – 17,762
Suzuki Auto Philippines – 16,167
Isuzu Philippines – 13,815
Honda Cars Philippines – 11,366
Kia Philippines – 4,126
Foton Motor Philippines – 2,834
Chery Auto Philippines – 2,727


ဖိလစ်ပိုင်ဈေးကွက် ၂၀၂၂  အောက်တိုဘာလ  အရောင်းရဆုံး ကား Brand ထိပ်တန်း(၁၀)

Toyota Motor Philippines – 15,541
Mitsubishi Motors Philippines – 5,527
Ford Philippines – 2,401
Nissan Philippines – 1,694
Suzuki Auto Philippines – 1,692
Isuzu Philippines – 1,648
Honda Cars Philippines – 926
Geely Philippines – 507
Kia Philippines – 447
Hyundai Philippines – 354


ဖိလစ်ပိုင်ဈေးကွက် ၂၀၂၂  အောက်တိုဘာလ  အရောင်းရဆုံး အိမ်စီးကား Brand ထိပ်တန်း(၁၀)

Toyota Motor Philippines – 40,707
Mitsubishi Motors Philippines – 8,855
Honda Cars Philippines – 7,315
Suzuki Auto Philippines – 5,441
Nissan Philippines – 2,255
BMW Philippines – 989
Kia Philippines – 883
Mercedes-Benz Philippines – 611
Geely Philippines – 284
Mazda Philippines – 266



ဖိလစ်ပိုင်ဈေးကွက် ၂၀၂၂  အောက်တိုဘာလ  အရောင်းရဆုံး လုပ်ငန်းသုံးယာဉ် Brand ထိပ်တန်း(၁၀)
Toyota Motor Philippines – 99,718
Mitsubishi Motor Philippines – 31,811
Ford Philippines – 18,514
Nissan Philippines – 15,507
Isuzu Philippines – 13,815
Suzuki Philippines – 10,726
Honda Cars Philippines – 4,051
Kia Philippines – 3,243
Foton Motor Philippines – 2,834
Chery Auto Philippines – 2,727


Source carguide.ph

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 801 times