ဗီယက်နမ်မှာ Toyota Land Cruiser အသစ် ရောင်းစရာမရှိ ဖြစ်နေ


ဗီယက်နမ်မှာ Toyota Land Cruiser အသစ် ရောင်းစရာမရှိ ဖြစ်နေ

ဗီယက်နမ်မှ မြို့တော် နှစ်ခု ဖြစ်တဲ့ ဟံနွိုင်နှင့် ဟိုချီမင်းစီတီးတို့မှ Toyota အရောင်းကိုယ်စားလှယ်များထံမှာ ရောင်းစရာ Toyota Land Cruiser လက်ကျန်မရှိ ပြတ်လပ်နေပါတယ်။ အမှာစာအသစ်များ လက်ခံခြင်းကိုလည်း ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားပါတယ်။

လက်ထဲ Toyota Land Cruiser ရှိသူထံမှ ဈေးအများကြီး ပိုပေးပြီး ဝယ်စီးကြရတဲ့ အခြေအနေ ရောက်နေပါတယ်။

Toyota Land Cruiser LC300 ဗားရှင်းအသစ် SUV တွေကို ဝယ်ယူလိုသူ များပြားနေပြီး အရောင်းကိုယ်စားလှယ်တွေထံမှာ ရောင်းစရာ တစ်စီူမှ လက်ကျန်မရှိတဲ့အပြင် မတ်လကတည်းက အမှာစာ လက်ခံတာကို ရပ်ထားရပါတယ်။

 ယခင်လက်ခံထားပြီးသား အမှာစာများအတွက် ကားဘယ်တော့လောက်ရမှာလဲ ဆိုတာကိုလည်း ပြောဖို့ ခက်နေပါတယ်။ တစ်နှစ်လောက်တော့ ကြာလိမ့်မယ်လို့သာ ခန့်မှန်းနိုင်ပါတယ်။

Toyota က ကားထုတ်လုပ်ဖို့ အစိတ်အပိုင်းများ အလုံအလောက် အချိန်မီ မရရှိတဲ့အတွက် ကားအရောင်းကိုယ်စားလှယ်များထံသို့ ကားပို့ပေးမယ့်အချိန်ကို ပြောလို့မရနိုင်ကြောင်း Toyota ရဲ့ ဌာနေကိုယ်စားလှယ်က ပြောကြားပါတယ်။

 Land Cruiser ဗာရှင်းအသစ်ကို ၂၀၂၁ ဩဂုတ်လမှာ စတင်ရောင်းချခဲ့ပါတယ်။

 ရောင်းဈေးက ဗီယက်နမ် ဒေါင် ၄.၀၆ ဘီလျံ ($174,631) ဖြစ်ပါတယ်။ 

ဗီယက်နမ် မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းများအသင်း Vietnam Automobile Manufacturers Association မှ ထုတ်ပြန်ပေးတဲ့ အချက်အလက်များအရ  ဗီယက်နမ်ကားဈေးကွက်မှာ စီးရေအရ  ဗီယက်နမ်ကုမ္ပဏီ Truong Hai Auto Corporation က ကားအများဆုံး ရောင်းချရပြီး Toyota က ဒုတိယနေရာမှာ ရှိပါတယ်။

#MyanmarAutomobileGuide 

 Telegram Channel

https://t.me/Guid4U/309

https://t.me/Guid4U

 

Read 8611 times