အီးဗီဘက်ထရီ ထုတ်လုပ်ရေးအတွက် Toyota အကြီးအကျယ် ရင်းနှီးမြှုပ်နှံ


အီးဗီဘက်ထရီ ထုတ်လုပ်ရေးအတွက် Toyota အကြီးအကျယ် ရင်းနှီးမြှုပ်နှံ

 

Toyota Motor သည် ဂျပန်နှင့်  အမေရိကန် ဈေးကွက်များမှ လျှပ်စစ်ကားများအတွက် ဘက်ထရီများ တိုးချဲ့ထုတ်လုပ်ရန် ယန်း ၇၃၀ ဘီလီယံ (ဒေါ်လာ ၅.၃ ဘီလီယံ) အထိ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။  Toyota Motor သည်  ဂျပန်ပြည်တွင်း၌ Panasonic Holdings နှင့် ဖက်စပ်လုပ်ကိုင်သည့် Prime Planet Energy & Solutions စက်ရုံနှင့် ဂျပန်နိုင်ငံရှိ Toyota ၏ ကိုယ်ပိုင်စက်ရုံများတွင် ဘက်ထရီ ထုတ်လုပ်ရန် ယန်း ၄၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။

 

အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနားပြည်နယ်တွင် တည်ဆောက်မည့် ဘက်ထရီစက်ရုံအတွက် ယန်း ၃၂၅ ဘီလီယံကိုလည်း သုံးစွဲမည်ဖြစ်သည်။ ဂျပန်နှင့် အမေရိကန် နိုင်ငံနှစ်ခုတွင်   စုစုပေါင်း ဘက်ထရီ ထုတ်လုပ်မှု စွမ်းရည်သည် 40 gigawatt-hour အထိ တိုးလာမည်ဖြစ်ပြီး ထုတ်လုပ်မှုကို ၂၀၂၄ မှ ​​၂၀၂၆ ခုနှစ် ကြားတွင် စတင်မည်ဖြစ်သည်။

Toyota သည် အီးဗီဘက်ထရီထုတ်လုပ်မှု ကဏ္ဍ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ဆောင်ရန်  ၂၀၃၀ ခုနှစ်မတိုင်ခင်တွင် အရင်းအနှီး ရင်းနှီးမြှုပ်နှံမှုများအဖြစ် ယန်းငွေ  ၂ ထရီလီယံကို မြှုပ်နှံမည့် အစီအစဉ်ရှိကြောင်းကို ကြေညာထားပြီးဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ကုမ္ပဏီက ပြောသည်မှာ "ကျွန်ုပ်တို့သည် နိုင်ငံနှင့် ဒေသအားလုံးရှိ ဖောက်သည်များ၏ လိုအပ်ချက်များကို တုံ့ပြန်ပါမည်။

 

နိုင်ငံနှင့် ဒေသ အသီးသီးတို့တွင် ကြီးထွားနေသော အီးဗီ ဝယ်လိုအားကို ဖြည့်ဆည်းနိုင်ရန် ပစ္စည်းပေးသွင်းရေးကဏ္ဍကို တည်ဆောက်သွားရန်အတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်သည်" Tokai Tokyo Research Institute မှ လေ့လာဆန်းစစ်သူ Seiji Sugiura က  "အီးဗီတွေဆီ ကူးပြောင်းဖို့ နှေးကွေးတဲ့ ဂျပန်ကားထုတ်လုပ်သူတွေက ဘက်ထရီ ရင်းနှီးမြှုပ်နှံမှုတွေကို ပြတ်ပြတ်သားသား ရင်းနှီးမြှုပ်နှံနေကြတယ်" ဟု ပြောကြားပါသည်။ 

 

Honda Motor သည် တောင်ကိုရီးယားမှ ဘက်ထရီထုတ်လုပ်ရေးလုပ်ငန်း  LG Energy Solution နှင့် အမေရိကန်တွင် ကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး  အီးဗီဘက်ထရီ စက်ရုံတည်ဆောက်မည် ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

 

Source: asia.nikkei

#MyanmarLogisticsGuide

Telegram Channel  https://t.me/Guid4U

Read 3645 times