၂၀၂၂ ဩဇီဈေးကွက် Toyota HiLux စံချိန်တင်ရောင်းအားဖြင့် ထိပ်ဆုံးမှာ ဆက်ရှိ


၂၀၂၂ ဩဇီဈေးကွက် Toyota HiLux စံချိန်တင်ရောင်းအားဖြင့် ထိပ်ဆုံးမှာ ဆက်ရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

  • ကားထုတ်လုပ်ရေး မငြိမ်မသက် ဖြစ်ခဲ့ကြတဲ့ ၂၀၂၂ ရဲ့ ဩစတေးလျကားဈေးကွက်ကို Toyota က ဆက်လက်ကြီးစိုးထားပါတယ်။
  • Kia က တတိယနေရာသို့ မြင့်တက်လာပါတယ်။
  • တရုတ်ကား အမှတ်တံဆိပ်များလည်း ရောင်းအား တက်ခဲ့ပါတယ်။ 
  • အီးဗီရောင်းအားက ၂၀၂၁ ထက် ၅၅၀% မြင့်တက်ပါတယ်။

ဩဇီဈေးကွက်မှာ ute (utility အတိုကောက်) ခေါ်ဝေါ်တဲ့ ပစ်ကပ်ထရပ်ကို အပိုင်းအကန့်ကို ကြည့်ရင် Toyota HiLux က ဩစတေးလျရဲ့ လူကြိုက်အများဆုံးကားအဖြစ် ဆက်လက်ရပ်တည်ခဲ့ပါတယ်။ နပါတ်(၁) ဖြစ်နေခဲ့တာ ၇ နှစ်ဆက်တိုက် ရှိပါပြီ။ ၂၀၂၂ မှာ ၆၄,၃၉၁ စီး ရောင်းချပြီး စံချိန်သစ် တင်ပါတယ်။
Ford Ranger က ၄၇,၄၇၉ စီး ရောင်းချပြီး ဒုတိယနေရာ ရရှိပါတယ်။ 

HiLux ရောင်းအား တအားကောင်းခဲ့တာကြောင့် Toyota ရဲ့ ကားမော်ဒယ်မျိုးစုံ တစ်နှစ်တာ ရောင်းအား စီးရေ ၂၃၁,၀၅၀ ဖြစ်ခဲ့ပြီး ၂၀၂၁ ထက် ၃.၃% ပိုများပါတယ်။
၁၄ နှစ်တာမှာ ရောင်းအားအမြင့်မားဆုံး ဖြစ်ပြီး ဩစတေးလျကားဈေးကွက်မှာ Toyota သမိုင်းတစ်လျှောက် တတိယအများဆုံး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ တိုင်တိုင် ဈေးကွက်ကို ဦးဆောင်နိုင်ခဲ့ပါတယ်။ 
Toyota ရဲ့ အိမ်စီးကားမော်ဒယ်များမှာ Corolla က အရောင်းရဆုံးဖြစ်ခဲ့ပြီး စီးရေ ၂၅,၂၈၄ ရောင်းရပါတယ်။ ရောင်းအားအကောင်းဆုံးမော်ဒယ်အဖြစ် ဆက်တိုက်ရပ်တည်ခဲ့တာ ၁၀ နှစ် ရှိပါပြီ။ 
Toyota ရဲ့ SUV မော်ဒယ်များမှာ နံပါတ်(၁)က RAV4 ဖြစ်ပြီး ၃၄,၈၄၅ စီး ရောင်းချခဲ့ပါတယ်။
RAV4 နံပါတ်(၁) ဖြစ်နေတာ ၃ နှစ်ဆက်တိုက် ရှိပါပြီ။
Prado က ၂၁,၁၀၂ စီး၊ LandCruiser 300 စီးရီးက ၁၃,၁၅၂ စီး ရောင်းချခဲ့ပါတယ်။ 
အရောင်းရဆုံးဗင်က HiAce ဖြစ်ပြီး ၈,၇၄၈ စီး ရောင်းချခဲ့ပါတယ်။
အရွယ်အစား အလယ်အလတ် အိမ်စီးကား Camry ၉,၅၃၈ စီး ရောင်းချခဲ့ပါတယ်။

ဓာတ်ဆီ လျှပ်စစ် ဟိုက်ဘရစ် ကပြားကားကဏ္ဍမှာ Toyota က ၇၂,၈၁၅ စီး ရောင်းနိုင်ခဲ့ပါတယ်။ 
RAV4 ဟိုက်ဘရစ် ၂၆,၅၄၇ စီး ရောင်းချခဲ့ရတာကြောင့် ယခုလို ရောင်းအားမြင့်မားခဲ့တာ ဖြစ်ပါတယ်။ 

 

၂၀၂၂ ရဲ့ ဩစတေးလျကားဈေးကွက်မှာ ရောင်းအားစီးရေအရ Toyota က ၂၃၁,၀၅၀ စီး ရောင်းချပြီး ပထမနေရာကို ဆက်လက်ရယူထားချိန်မှာ Mazda က ၉၅,၇၁၈ စီး ရောင်းချခဲ့ပြီး ဒုတိယနေရာကို ဆက်လက်ရရှိပါတယ်။ ပထမနှင့် ဒုတိယ စီးရေ အပြတ်အသတ်ကွာနေတာ တွေ့ရပါတယ်။ 

 

 

Kia က ၇၈,၃၃၀ စီးဖြင့် တတိယနေရာ ရရှိပါတယ်။ ၂၀၂၁ က ဆဌမနေရာရရှိခဲ့ပြီး ၂၀၂၃ မှာ တတိယနေရာကို ရောက်ရှိလာခဲ့ပါတယ်။ Kia Sportage ရောင်းအား ကောင်းခဲ့ပါတယ်။ Kia ရဲ့ မိခင်လုပ်ငန်း Hyundai က ၇၃,၃၄၅ စီး ရောင်းချခဲ့တဲ့အတွက် Kia ကို မမီခဲ့ပါ။ ပဉ္စမနေရာကို ရရှိပါတယ်။

စတုတ္ထနေရာမှာ Mitsubishi က ၇၆,၉၉၁ စီး ရောင်းချခဲ့ပါတယ်။ Triton မော်ဒယ် ၂၇,၄၃၆ စီး ရောင်းချခဲ့ရတာက စတုတ္ထနေရာရဖို့ အထောက်အကူ ဖြစ်ခဲ့ပါတယ်။ မော်ဒယ်အရကြည့်ရင် Triton က အရောင်းဆုံး နံပါတ်(၄) ချိတ်ပါတယ်။

အောက်ဆုံးတွင် စာရင်းဇယားများ ဖော်ပြပေးထားပါတယ်။ 

Ford က ၆၆,၆၂၈ စီး ရောင်းချပြီး ဆဌမနေရာ ရရှိပါတယ်။

 

တရုတ်နိုင်ငံမှ MG က ၄၉,၅၈၂ စီးဖြင့် သတ္တမနေရာ ရပါတယ်။ 
MG က သတ္တမ နေရာကို မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၁ မှာ  Nissan က သတ္တမ နေရာကို ရရှိခဲ့ပြီး ၂၀၂၂ မှာတော့ ထိပ်တန်း(၁၀) စာရင်းထဲ ပါမလာတော့ပါဘူး။ နံပါတ်(၁၂) သို့ ကျဆင်းသွားပါတယ်။ စီးရေ ၂၆,၄၉၁ မျှသာ ရောင်းချနိုင်ခဲ့ပါတယ်။

Nissan ကျဆင်းသွားချိန်မှာ Subaru က ၃၆,၀၃၆ စီး ရောင်းချပြီး အဌမနေရာ ရရှိခဲ့ပါတယ်။

 Isuzu က ၃၅,၃၂၃ စီး ရောင်းချပြီး နဝမ၊ Volkswagen က ၃၀,၉၄၆ စီး  ရောင်းချပြီး ဒသမ နေရာ အသီးသီး ရရှိပါတယ်။

ထုတ်လုပ်တဲ့နိုင်ငံအရ ကြည့်ရင် ဩစတေးလျကားဈေးကွက်မှာ ဂျပန်က ပထမ၊ ထိုင်းက ဒုတိယ၊ ကိုရီးယားက တတိယ၊ တရုတ်က စတုတ္ထ ဖြစ်ပါတယ်။ 
တရုတ်ကားအမှတ်တံဆိပ်တွေထဲမှာ အပေါက်ဆုံးက MG ZS ဖြစ်ပြီး ၂၂,၄၆၆ စီး ရောင်းချခဲ့ပါတယ်။

 

အီးဗီမှာတော့ Tesla Model 3, အရောင်းရဆုံးဖြစ်ပြီး ၁၀,၈၇၇ စီး ရောင်းချခဲ့ပါတယ်။ ဩစတေးလျမှာ ၂၀၂၂ ခုနှစ်တွင် အီးဗီစီးရေ ၃၃,၄၁၀ ရောင်းချခဲ့ပြီး Tesla က ဈေးကွက်ဝေစု ၅၈.၆% ရရှိပါတယ်။ ၂၀၂၂ မှာ အီးဗီရောင်းအားက ၂၀၂၁ ထက် ၅၅၀% မြင့်တက်ခဲ့ပါတယ်။

ပရီမီယံအမြင့်တန်းမှာ ရောင်းချစီးရေအရ Mercedes-Benz Cars က ၂၆,၈၀၁ စီးဖြင့် ပထမ၊ BMW က ၂၂,၆၉၆ စီးဖြင့် ဒုတိယ ရပါတယ်။
Tesla က  ၁၉,၅၉၄ စီးဖြင့် တတိယ ရပါတယ်။ Model 3 စီးရေ ၁၀,၈၇၇ နှင့် Model Y စီးရေ ၈,၇၁၇ ရောင်းချခဲ့ပါတယ်။

 

ဓာတ်ဆီအင်ဂျင်ကားများ အများဆုံးရောင်းရပြီး ၅၅၁,၅၅၆ စီး ရောင်းချခဲ့ပါတယ်။
ဒီဇယ်အင်ဂျင်ကားများ စီးရေ ၃၆၁,၃၆၆ ရောင်းချခဲ့ပါတယ်။ 
ဟိုက်ဘရစ် ၈၁,၇၈၆ စီး၊ ပလပ်ထိုး ဟိုက်ဘရစ် ၅,၉၃၇ စီး၊ ဟိုက်ဒြိုဂျင်လောင်စာသုံး လျှပ်စစ်ကား ၁၅ စီး ရောင်းချခဲ့ပါတယ်။

 

SUV များ ၅၇၄,၆၃၂ စီး ရောင်းချခဲ့ပြီး ဈေးကွက်ဝေစု ၅၃.၁% ရရှိပါတယ်။
ပစ်ကပ်ထရပ်အများစုဖြစ်တဲ့ အပေါ့စား လုပ်ငန်းသုံးထရပ်ကားများ ၂၅၆,၃၈၂ စီး ရောင်းချခဲ့ပြီး ဈေးကွက်ဝေစု ၂၃.၇% ရရှိပါတယ်။
အိမ်စီးကားများ ၂၀၃,၀၄၆ စီး ရောင်းချခဲ့ပြီး ဈေးကွက်ဝေစု ၁၈.၈% ရရှိပါတယ်။

Federal Chamber of Automotive Industries (FCAI) အမှုဆောင်အရာရှိချုပ် Tony Weber က ၂၀၂၂ မှာ ကားဈေးကွက် ပြန်လည် နာလန်ထလာတယ်လို့ သုံးသပ်ပါတယ်။



၂၀၂၂ ရောင်းအား ထိပ်တန်း(၁၀) အမှတ်တံဆိပ်နှင့် ရောင်းရစီးရေ
Toyota – 231,050
Mazda – 95,718
Kia – 78,330
Mitsubishi – 76,991
Hyundai – 73,345
Ford – 66,628
MG – 49,582
Subaru – 36,036
Isuzu Ute – 35,323
Volkswagen – 30,946



၂၀၂၂  ရောင်းအား ထိပ်တန်း (၁၀) မော်ဒယ်နှင့် ရောင်းရစီးရေ
Top 10 vehicles in 2022:
Toyota HiLux – 64,391
Ford Ranger – 47,479
Toyota RAV4 – 34,845
Mitsubishi Triton – 27,436
Mazda CX-5 – 27,062
Toyota Corolla – 25,284
Toyota LandCruiser 70/300 Series – 24,542
Isuzu D-MAX – 24,336
MG ZS – 22,466
Hyundai i30 – 21,166


Source carsales.com

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1653 times