မြောက်အမေရိကကားဈေးကွက်မှာ Toyota က GM ကို ဆက်လက်အသာရ


မြောက်အမေရိကကားဈေးကွက်မှာ Toyota က GM ကို ဆက်လက်အသာရ

မြောက်အမေရိကဈေးကွက်ထဲမှာ Toyota Motors က အမေရိကန်ကားလုပ်ငန်းကြီး General Motors ထက် ‌၂၀၂၂ ပထမ၃လပတ်မှာ ရောင်းအားပိုသာခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ Toyota က GM ထက် စီးရေအရ ရောင်းအားပိုကောင်းခဲ့ပြီး မြောက်အမေရိကကားအသစ်ဈေးကွက်မှာ အရောင်းရဆုံး နံပါတ်(၁) နေရာမှာ GM က ၁၉၃၁ ခုနှစ်မှာ Ford Motors ထံမှ ရယူလိုက်ပြီးတဲ့နောက်မှာ နံပါတ်(၁) နေရာမှာ ၉၁ နှစ်တိုင်တိုင် ဆက်တိုက်ရှိနေခဲ့တာကို အဆုံးသတ်စေခဲ့ပါတယ်။ ယခုလို ရုတ်တရက် သရဖူ ပိုင်ရှင်ပြောင်းသွားရတာဟာ ကားတွေမှာ သုံးစွဲတဲ့ ချစ်ပ်အမျိုးမျိုး လုံလုံလောက်လောက် အချိန်မီ မရရှိနိုင်တာက အကြောင်းတရားတစ်ခု ဖြစ်တယ်လို့  လေ့လာဆန်းစစ်သူတွေက သုံးသပ်ကြပါတယ်။

ယခု ၂၀၂၂ ပထမ၃လပတ်မှာလည်း Toyota Motors က General Motors ထက် စီးရေအရ ပိုရောင်းချခဲ့ပါတယ်။ ဓာတ်ဆီဈေး မြင့်တက်တာကြောင့် ဟိုင်းဘရစ်နှင့် အီးဗီ ဝယ်လိုအား တိုးလာတာကြောင့် Toyota Motors ရောင်းအား ကောင်းခဲ့ပါတယ်။

၂၀၂၂ ပထမ၃လပတ် ရောင်းအားမှာ တောင်ကိုရီးယားမှ Kia, Hyundai ၊ ဂျပန်မှ Mazda တို့ ရောင်းအားကျဆင်းခဲ့ကြပါတယ်။ 
 
Hyundai က လျှပ်စစ်ကားမော်ဒယ်များ ရောင်းအား တက်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၁ ဇန်နဝါရီ-မတ် ၃ လပတ်ထက် ယခုနှစ် ၃ လပတ်မှာ ရောင်းရစီးရေ ၂ ဆကျော် ပိုများခဲ့ပါတယ်။ ဓာတ်ဆီဈေးတက်တဲ့ ဂယက်ကြောင့် ရောင်းအား တက်တာလို့ သုံးသပ်ကြပါတယ်။


Toyota Motors ကတော့ ယခုနှစ် ပထမ၃ လပတ်မှာ SUV မော်ဒယ်များ၊ ပစ်ကပ်ထရပ်မော်ဒယ်များလည်း ရောင်းအားတက်ခဲ့ပါတယ်။

GM ရဲ့ ဈေးမြင့်တဲ့ SUV တွေ ဖြစ်ကြတဲ့ Chevrolet Suburban, Yukon,  Escalade တို့လည်း ရောင်းအားတက်ခဲ့ကြပါတယ်။


Source autorevolution.com

Read 1169 times