ပင်လယ်ရေထဲ ရေဆင်းကူးသည့် Toyota bZ4X [Video]


ပင်လယ်ရေထဲ ရေဆင်းကူးသည့် Toyota bZ4X [Video]

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ပင်လယ်ရေထဲ Toyota bZ4X ရေဆင်းကူးသည့် ဖြစ်ရပ်တွင် ထိခိုက်ဒဏ်ရာရသူ မရှိပါ။ လျှပ်စစ်ကား crossover အမျိုးအစား Toyota bZ4X ကို ခေတ္တရပ်ထားရာ၌ Park ကို ရွေးချယ်ပေးဖို့ ယာဉ်မောင်း မေ့လျော့မိခြင်းကြောင့် ယခုလို ဖြစ်ပွားခဲ့ရသည်ဟု ယူဆပါသည်။

 

အမေရိကန်နိုင်ငံ နယူးယောက်မြို့ မက်ဆာချူးဆက်ရှိ Blossom Street ဖယ်ရီသင်္ဘောဆိပ်ခံ တာမင်နယ်အနီးတွင် Toyota bZ4X ကို ခေတ္တရပ်ပြီး ယာဉ်မောင်းက အမှိုက်ထုပ်ကို အမှိုက်ပုံးမှာ သွားပစ်ပါသည်။ 

ယာဉ်မောင်းက အမှိုက်ထုပ် သွားပစ်နေစဉ် ကားပေါ်မှာ Gerry Cardona တဦးတည်း ကျန်ရစ်ပါသည်။ ကားဘီးများ လိမ့်သောအခါ ရပ်ဖို့ သူကြိုးစားသော်လည်း မအောင်မြင်ပါ။ နောက်ဆုံး၌ လက်လျှော့လိုက်ပြီး ကားပေါ်မှ လွတ်ရာသို့ ထွက်ခဲ့ရပါသည်။ ကားက ပင်လယ်ရေထဲ ကျသွားပါသည်။ 

"ကျွန်တော် ပြတင်းပေါက် ဖွင့်ပြီး ပြတင်းပေါက်နေ အပြင်ကို တိုးထွက်ပြီး ရေထဲ ခုန်ဆင်းတယ်" ဟု ၎င်းက ပြောကြားသည်။

 

 

 

ယာဉ်မောင်းက အီးဗီပေါ်မှ မဆင်းခင် Park (P) ကို သုံးခဲ့လျှင် ရေထဲသို့ ကားတလှိမ့်ချင်း လှိမ့်ဆင်းသွားမည်မဟုတ်ဟု သုံးသပ်ကြပါသည်။

.

.

ရေထဲ မျောနေသော Toyota bZ4X  အနီးသို့ မော်တော်ဘုတ်ငယ်ဖြင့် သွားရောက်ပြီး ချိတ်တပ်ထားသည့် ကြိုးမှ ချိတ်ဖြင့် ချိတ်ပါသည်။ ၎င်းကြိုးကို ရစ်လုံးစက် (winch) ဖြင့် ရစ်သိမ်းပြီး ကားကို ကုန်းပေါ်သို့ ပြန်ရောက်လာအောင် ဆွဲတင်ပါသည်။ 

ကားကို ပြန်ရသော်လည်း Toyota bZ4X သည် အီးဗီ ဖြစ်နေသဖြင့် ရေစိမ်မခံပါ။ လုံးဝ ပျက်စီးသွားပြီဟု သတ်မှတ်ပါသည်။

 

Source insideevs

 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read 856 times