နှစ် ၂၀ အတွင်း သမဂ္ဂ၏  အကြီးမားဆုံး လုပ်ခလစာတိုးမြှင့်ခြင်း တောင်းဆိုချက် Toyota လက်ခံ


နှစ် ၂၀ အတွင်း သမဂ္ဂ၏  အကြီးမားဆုံး လုပ်ခလစာတိုးမြှင့်ခြင်း တောင်းဆိုချက် Toyota လက်ခံ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ကမ္ဘာ့အကြီးဆုံး ကားထုတ်လုပ်သူ Toyota Motor Corp က အနှစ် ၂၀ အတွင်း အကြီးမားဆုံး အခြေခံလစာ တိုးမြှင့်ခြင်းနှင့် ဆုကြေးတိုးမြှင့်ခြင်းတို့အတွက် သမဂ္ဂ၏ တောင်းဆိုမှုကို လက်ခံမည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၂၂)တွင် ပြောကြားခဲ့သည်။

Toyota Motor ဥက္ကဋ္ဌအသစ် Koji Sato က စစချင်း ပထမအကြိမ် ဆွေးနွေးပွဲမှာ သမဂ္ဂ၏ တောင်းဆိုချက်များကို အပြည့်အ၀ လက်ခံဖို့ ဆုံးဖြတ်ချက်သည် Toyota အတွက်သာမက မော်တော်ယာဉ်ကဏ္ဍတစ်ခုလုံး အတွက်ပါ ဖြစ်ကြောင်း၊ ကုမ္ပဏီတိုင်းမှာ အလုပ်သမားနှင့် စီမံခန့်ခွဲမှုကြား ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုများ ဖြစ်ပေါ်လာမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

Toyota သည် ဂျပန်နိုင်ငံမော်တော်ယာဉ်ကဏ္ဍတွင် အကြီးမားဆုံး အလုပ်ရှင် ဖြစ်သည့်အားလျော်စွာ ရှေ့ဆောင်နွားလားသဖွယ် ဖြစ်သဖြင့် Toyota ၏ ကြေညာချက်အပြီး နာရီပိုင်းအတွင်းတွင်  Honda Motor Co Ltd က လစာ ၅% တိုးပေးရန် သမဂ္ဂတောင်းဆိုမှုများကို သဘောတူကြောင်း ပြောကြားခဲ့သည်။
Honda တွင် ပျမ်းမျှအားဖြင့် လစဉ် အခြေခံလစာ ယန်း ၁၂၅၀၀ (ဒေါ်လာ ၉၂.၇၀) တိုးခြင်းသည်  ၁၉၉၀ နောက်ပိုင်း အခြေခံလစာ အကြီးမားဆုံး  ခုန်တက်သွားခြင်းဖြစ်သည်။

Toyota လုပ်ငန်းစုမှ အလုပ်သမား ၃၅၇,၀၀၀ ကို ကိုယ်စားပြုသည့် သမဂ္ဂအဖွဲ့ချုပ်နှင့် Toyota တို့က အခြေခံလစာတိုးခြင်းသည် ဆယ်စုနှစ် နှစ်ခုအတွင်း အကြီးမားဆုံးဟု ပြောကြားကြသော်လည်း ရာခိုင်နှုန်း မည်ရွေ့မည်မျှ တိုးမြှင့်ပေးရန် သဘောတူခဲ့ကြသည်ကို ပြောကြားရန်  ငြင်းဆိုခဲ့ကြသည်။

Toyota က လုပ်ခလစာတိုးမြှင့်မှုသည် အချိန်ပိုင်းအလုပ်သမားများနှင့် အကြီးတန်း ကန်ထရိုက်အလုပ်သမားများနှင့်လည်း သက်ဆိုင်မည်ဟု ဆိုသည်။

လုပ်ခလစာ ၆.၇ လစာ ပမာဏ ပေးရမည့် တစ်နှစ် တစ်ကြိမ် ဆုကြေးအတွက် သမဂ္ဂ၏ တောင်းဆိုမှုကိုလည်း Toyota သဘောတူညီခဲ့သည်။

Toyota အလုပ်သမားများ အားလုံးဆိုင်ရာ သမဂ္ဂ အဖွဲ့ချုပ်၏ လက်ထောက်အထွေထွေ အတွင်းရေးမှူး Takaaki Sakagami က ကုမ္ပဏီနှင့် သဘောတူညီမှု လျင်မြန်စွာ ရခဲ့သည့်အတွက် ဝမ်းမြောက်မိကြောင်း ပြောကြားပါသည်။
Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 151 times