ဥရောပ Top 10 အရောင်းရဆုံးကားမော်ဒယ်များ ၂၀၂၂ မတ်လ
၂၀၂၂ မတ်လမှာ ဉရောပ ကားဈေးကွက်ထဲမှာ အရောင်းရဆုံးကားက Tesla ရဲ့ Model 3 ဖြစ်ပါတယ်။
အီးဗီများ အကြားမှာလည်း နံပါတ်(၁) ဖြစ်ခဲ့ပြီး။ကားမျိုးစုံရောင်းအားစာရင်းမှာလည်း နံပါတ်(၁) ဖြစ်ခဲ့ပါတယ်။
ခြုံငုံကြည့်လျှင် ဥရောပဈေးကွက်မှာ PHEV နှင့် BEV ကားေတွက ဒီဇယ်ကားတွေထက် ရောင်းအား ပိုကောင်းခဲ့ပါတယ်။

ယခင်က ရေပန်းစားတဲ့ Volkswagen Golf ၊ တန်ဖိုးသင့် Dacia Sandero တို့ထက် Tesla ရဲ့ Model 3 က ရောင်းအားပိုကောင်းခဲ့တယ်လို့ JATO Dynamics ရဲ့ အချက်အလက်များမှာ ဖော်ပြထားပါတယ်။ ထို့ပြင် Tesla Model Y က ၂၀၂၂ မတ်လအတွင်း စီးရေ ၁၈,၉၆၈ ရောင်းချခဲ့ပြီး တတိယနေရာ ရရှိခဲ့ပါတယ်။
ပုံမှန်အားဖြင့် ဥရောပမှာ Volkswagen Golf က အရောင်းရဆုံး ကားမော်ဒယ် ဖြစ်ပါတယ်။ များသောအားဖြင့် Golf ရဲ့ရောင်းအားကို ယှဉ်နိုင်တာ တန်ဖိုးသင့် hatchback အမျိုးအစားကား Ford Fiesta မော်ဒယ် ဖြစ်ပါတယ်။
၂၀၂၂ မတ်လ Top 10 စာရင်းမှာ Fiesta မပါတော့ဘူး။ Fiesta ရဲ့ crossover ဖြစ်တဲ့ Ford Puma ပါလာတယ်။

Volkswagen Golf
Model 3 ရဲ့ ရောင်းအားက အဌမနေရာမှ Ford Puma နှင့် စတုတ္ထနေရာ VW Golf ၂မျိုးပေါင်း ရောင်အားစီးရေထက် ပိုများပါတယ်။
ဥရောပ ကားဈေးကွက်ထဲ လူကြိုက်များ ရေပန်းစားတဲ့ ကားမော်ဒယ် အစဉ်အလာ ပြောင်းလဲသွားတာ တွေ့ရပါတယ်။

Ford Fiesta Five-Door Hatchback
ဥရောပ Top 10 အရောင်းရဆုံးကားမော်ဒယ်များ ၂၀၂၂ မတ်လ စာရင်းကို သုံးသပ်ကြည့်ရင် မော်ဒယ် ၄ မျိုးက Stellantis Group ရဲ့ ကားမော်ဒယ်များ ဖြစ်ပြီး မော်ဒယ် ၂ မျိုးက Tesla ကားမော်ဒယ်များ ဖြစ်ကြပါတယ်။
ဘက်ထရီပါဝါဖြင့်သာ မောင်းနှင်တဲ့ BEV စာရင်းမှာလည်း Tesla ကားမော်ဒယ် ၂ မျိုး ပါဝင်ပါတယ်။ Stellantis Group က မော်ဒယ် ၂ မျိုး။ပါဝင်ပါတယ်။
Top 10 စာရင်းမှာ ဈေးအသက်သာဆုံးက Dacia Sandero ဖြစ်ပါတယ်။

Dacia Sandero
Dacia ကို ရိုမေးနီးယားနိုင်ငံမှာ ၁၉၆၆ ခုနှစ်မှာ ထူထောင်ခဲ့ပါတယ်။ ၃၃ နှစ်အကြာ ၁၉၉၉ မှာ ရိုမေးနီးယား အစိုးရက S C. Automobile Dacia S.A. ကို ပြင်သစ် ကားလုပ်ငန်းစု Groupe Renault ထံ ရောင်းချခဲ့ပြီး ယခုအထိ Groupe Renault လက်ထဲမှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ Groupe Renault ရဲ့ ဝင်ငွေအများဆုံး ရရှိတဲ့ brand ဖြစ်ပါတယ်။ ရိုမေးနီးယား ပြည်ပပို့ကုန်တန်ဖိုး စုစုပေါင်းရဲ့ ၈% ဟာ Dacia ကားတွေထံမှ ရရှိပါတယ်။ ၂၀၂၁ မှာ Dacia စီးရေ ၅၃၇,၀၇၄ ရောင်းချခဲ့ပါတယ်။
ဥရောပ Top 10 အရောင်းရဆုံးကားမော်ဒယ်များ ၂၀၂၂ မတ်လ အီးဗီစာရင်းမှာလည်း နဝမနေရာရတဲ့ Dacia Spring က ဈေးအသက်သာဆုံးမေည်ဒယ် ဖြစ်ပါတယ်။ ဥရောပရဲ့ ဈေးအသက်သာဆုံး အီးဗီလို့ဆိုနိုင်ပါတယ်။

Dacia Spring
အီးဗီစာရင်းမှာ Tesla က ပထမနှင့် ဒုတိယ ရပါတယ်။ Model 3 ကို ဥရောပဈေးကွက်မှာ ရောင်းချတာ ၂ နှစ် ရှိပါပြီ။ Model Y က နောက်ထပ်အသစ်ဝင်လာတဲ့ မော်ဒယ် ဖြစ်ပါတယ်။
ပလပ်ထိုး ဟိုင်းဘရစ် PHEV မှာတော့ Ford Kuga က ၂၀၂၂ မတ်လမှာ အရောင်းရဆုံး ဖြစ်ပါတယ်။ စီးရေ ၅,၅၄၄ ရောင်းခဲ့ပါတယ်။ ဒုတိယနေရာ Volvo XC40 က စီးရေ ၄,၀၀၅ ရောင်းခဲ့ပြီး တတိယနေရာ Peugeot 3008 က ၃,၇၄၈ စီး ရောင်းရပါတယ်။