မင်းသားကြီး Tom Hanks က သူ့ရဲ့ Toyota Land Cruiser FJ40 လေလံပစ်ရန်စီစဉ်


အမေရိကန်မှ မင်းသားကြီး Tom Hanks က သူစီးခဲ့တဲ့ ၁၉၈၀ မော်ဒယ် Toyota Land Cruiser FJ40 ကို လေလံပစ်ဖို့ Bonhams လေလံကုမ္ပဏီကို အပ်နှံထားပါတယ်။ 

 


အမေရိကန်ဒေါ်လာ ၇၅,၀၀၀ ကနေ ၁၂၅,၀၀၀ ကြား ရရှိမယ်လို့ မျှော်မှန်းထားပါတယ်။ 

ကားကိုယ်ထည်က အသစ်အတိုင်းဖြစ်နေအောင် သထားတယ်။ အင်ဂျင်က၄.၃ လီတာ V6 ဖြစ်ပြီး စွမ်းအား 180hp ရှိပါတယ်။ လက်ထိုးဂီယာ ၅ ချက် ဖြစ်ပါတယ်။ 

 

 

 

ကားအောက်ပိုင်းကိုလည်း မွမ်းမံပြီး အဆင်မြှင့်ထားပါတယ်။

တောလမ်းခရီးဖြစ်ဖြစ် အမြန်လမ်းမကြီးဖြစ်ဖြစ် မောင်းလို့ အဆင်ပြေအောင် လုပ်ပေးထားတယ်။

 

စတီယာရင်က ပါဝါစတီယာရင်ဖြစ်ပြီး ထိုင်ခုံတွေ အကုန်လုံး အသစ်တပ်ပေးထားတယ်။

အဟောင်းတွေကိုလည်း ကားဝယ်တဲ့သူကို ထည့်ပေးလိုက်မှာ ဖြစ်ပါတယ်။

 

 

ရှော့ဘားတွေက တာရှည်ခံတဲ့  Old Man Emu ရှော့ဘားတွေ တပ်ဆင်ပေးထားတယ်။ အဲကွန်းလည်း တပ်ဆင်ပေးထားတယ်။  

 

 

ကားဝယ်တဲ့သူအတွက် တန်ဖိုးထားစရာ ဖြစ်မယ့် သူ့ရဲ့ ထိုးမြဲလက်မှတ်ကို ဒက်ရှ်ဘုတ်မှာ ရေးထိုးပေးထားတယ်။ 

 

 

အသေးစိတ် အချက်အလက်များ ကြည့်ရှုရန် 

1980 TOYOTA FJ40 LAND CRUISER HARDTOP Tom Hanks




Source: topgear.com

Read 5602 times