တူရကီ ပထမဆုံး လျှပ်စစ်ကား TOGG  စက်ရုံ စတင်လည်ပတ်


တူရကီ ပထမဆုံး လျှပ်စစ်ကား TOGG  စက်ရုံ စတင်လည်ပတ်

 

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

 

တူရကီ ပြည်တွင်းဖြစ် လျှပ်စစ်ကား TOGG ကို ထုတ်လုပ်မယ့် ကားစက်ရုံကို ၂၀၂၂ အောက်တိုဘာလမှာ စတင်ဖွင့်လှစ်ပါတယ်။ 
စက်ရုံဝင်း အကျယ်အဝန်းက စတုရန်းမီတာ ၁.၂ သန်း ရှိပါတယ်။ လုပ်သား အင်အား ၅,၀၀၀ ဝန်းကျင်ဖြင့် ၂ နှစ် တည်ဆောက်ခဲ့ပါတယ်။
စက်ရုံဝင်းထဲမှာ စမ်းသပ်မောင်းနှင် ပြေးလမ်း၊ ဘက်ထရီစက်ရုံ၊ ဆေးမှုတ်ရုံ၊ တပ်ဆင်ရေးလိုင်း စသဖြင့် စုံလင်ပါတယ်။

 


စက်ရုံကို ဝန်ထမ်းအင်အား ၄,၅၀၀ ဖြင့် လည်ပတ်ပါတယ်။ 
TOGG လျှပ်စစ်ကားကို SUV အငယ်စား မော်ဒယ် အရင်ဆုံး ထုတ်လုပ်ပါတယ်။ ပထမနှစ်မှာ စီးရေ ၁ သိန်း ရောင်းချဖို့ ရည်မှန်းထားပါတယ်။ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်း ထုတ်လုပ်တဲ့ အီးဗီများကို နိုင်ငံအချို့သို့ ပေးပို့ပြီး စစ်ဆေးမှု ခံယူကာ ရောင်းချခွင့် ရရှိဖို့ လုပ်ကိုင်ပါတယ်။
SUV အငယ်စား မော်ဒယ်ကို ၂၀၂၃ မတ်လမှာ စတင်ရောင်းချဖို့ စီစဉ်ထားပါတယ်။ ပြီးရင် sedan, MPV, hatchback နှင့် SUV အလယ်အလတ် အရွယ်အစား မော်ဒယ်များ စတင် ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။
၂၀၂၄ မှာ စက်ရုံက တစ်နှစ်လျှင် စီးရေ ၁၇၅,၀၀၀ အထိ ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။ 
TOGG အီးဗီများကို ပြည်တွင်းဈေးကွက်မှာ စတင် ရောင်းချမှာဖြစ်ပြီး ၁၅ လ ကြာပြီးချိန်ကျမှ ပြည်ပတင်ပို့မှု စတင်ပါမယ်။ အရင်ဆုံး ဂျာမနီနှင့် ပြင်သစ် နိုင်ငံများသို့ တင်ပို့ ရောင်းချမှာ ဖြစ်ပါတယ်။ ပြီးရင် လျှပ်စစ်ကား အစီးများကြတဲ့ ဆွီဒင်၊ နော်ဝေးနှင့် ဒိန်းမတ်နိုင်ငံတို့ထံ တင်ပို့ ရောင်းချပါမယ်။ 

အရင်ဆုံး ထုတ်လုပ်မယ့် SUV အငယ်စား မော်ဒယ်ရဲ့ အဦးဆုံး ထုတ်လုပ်တဲ့ကား စီးရီးနံပါတ် 01 ကို လုပ်ငန်းရှင်တစ်ဦးက တူရကီသမ္မတ Erdogan ကို လက်ဆောင်ပေးဖို့ ကြိုတင်ဝယ်ယူထားပါတယ်။

အစိုးရက အီးဗီထုတ်လုပ်မှုကို ကျောထောက်နောက်ခံ ပြုပေးသည့် အနေဖြင့် TOGG စီးရေ ၃၀,၀၀၀ ဝယ်ယူဖို့ ကတိကဝတ် ပြုထားပါတယ်။

TOGG စီအီးအိုက Gurcan Karakas အစိုးရ ဝယ်ယူမယ့်ကားများကို ချက်ချင်း အရင်ဆုံး ရောင်းပေးရမှာ မဟုတ်ဘဲ စီးရေ ၃၀,၀၀၀ ကို ၁၅ နှစ်တာကာလအတွင်း ပေးသွင်းသွားမှာ ဖြစ်ကြောင်း ပြောကြားပါတယ်။ 

TOGG အီးဗီများမှာ ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ပစ္စည်းများ ထည့်သွင်းအသုံးပြုမှာဖြစ်ပြီး ပထမအဆင့်မှာ ယာဉ်တန်ဖိုးရဲ့ ၅၁ % ကို ပြည်တွင်းဖြစ် သုံးစွဲမှာဖြစ်ပြီး ၃ နှစ်အကြာမဇာ ၆၈% အထိ ဖြစ်လာဖို့ မျှော်မှန်းထားပါတယ်။

၂၀၃၀ အထိ မော်ဒယ် ၅ မျိုး ထုတ်လုပ်ပါမယ်။ 
SUV အငယ်စား, sedan, hatchback, SUV အလတ်စား နှင့် MPV မော်ဒယ်တို့ ဖြစ်ပါတယ်။

လျှပ်စစ်ကားကို  Ferrari အိမ်စီးပြိုင်ကား မော်ဒယ်များကို ဒီဇိုင်းထုတ်ပေးတဲ့ အီတလီလုပ်ငန်း Pininfarina က ဒီဇိုင်းထုတ်ပေးထားပါတယ်။
Source azenews

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

Read 1604 times