အမေရိကန် အီးဗီဈေးကွက် Tesla အကြီးအကျယ် ကြီးစိုးထား


အမေရိကန် အီးဗီဈေးကွက် Tesla အကြီးအကျယ် ကြီးစိုးထား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


အမေရိကန်နိုင်ငံ မစ်ရှီဂန်တွင် ကန်ဒေါ်လာ ၃.၅ ဘီလီယံ အီးဗီဘက်ထရီ စက်ရုံ တည်ဆောက်မည့် အစီအစဉ်ကို ရပ်ထားလိုက်ရန်  Ford Motor က ဆုံးဖြတ်ခဲ့သည်။ အကြောင်းမှာ အမေရိကန် အီးဗီဈေးကွက်မှာ တွက်ခြေကိုက်လောက်အောင် အီးဗီများ ရောင်းအားကောင်းဖို့ အလားအလာနည်းနေသောကြောင့် ဖြစ်သည်။

အမေရိကန် အီးဗီဈေးကွက်ကို Tesla က အကြီးအကျယ် ကြီးစိုးထားသဖြင့် Ford Motor အပါအဝင် အခြားအီးဗီလုပ်ငန်းများသည် အီးဗီများကို အမြတ်ရနိုင်မည့် အရေအတွက် အမြောက်အမြားဖြင့် ရောင်းချနိုင်ဖို့ ခဲယဉ်းနေစေသည်။ စီးရေ အနည်းငယ်ထုတ်ပြီး ဈေးကြီးကြီးဖြင့် ရောင်းချသည့် နည်းလမ်းသာ ကျန်ရှိစေသည်။


ကားထုတ်လုပ်သူများသည် အမေရိကန်တွင် လျှပ်စစ်ကား မော်ဒယ်အသစ်များကို ထုတ်လုပ်လျက်ရှိသည်။
အီးဗီမော်ဒယ်အသစ်တမျိုး ထုတ်လုပ်နိုင်ရန် ကန်ဒေါ်လာ ဘီလီယံချီ ရင်းနှီးမြှုပ်နှံကြရသည်။
အမေရိကန် အီးဗီဈေးကွက်တွင် ရောင်းအားကောင်းသည့် မော်ဒယ် ၂ မျိုးသာ ရှိသည်။ 
ကားတပ်ဆင်စက်ရုံကို အပြည့်အဝ အင်တိုက်အားတိုက် လည်ပတ်ထုတ်လုပ်နိုင်လောက်အောင် ရောင်းအား စီးရေ မြင့်မားသည့် အီးဗီ မော်ဒယ် ၂ မျိုးသာ ရှိပြီး ၎င်းတို့မှာ Tesla ၏ Model Y နှင့် Model 3 တို့ ဖြစ်ပါသည်။ (ရောင်းအား မကောင်းသည့်အထဲ Tesla ၏ Model X ပါဝင်ပါသည်)
အမေရိကန် အီးဗီဈေးကွက် ၂၀၂၃ ခုနှစ် ပထမ ၆ လ တွင် Tesla သည် ပြိုင်ဘက် အီးဗီလုပ်ငန်း ၁၉ ခု တို့ထက် ရောင်းရစီးရေ အပြတ်အသတ် သာနေသည်မှာ Model Y နှင့် Model 3 တို့၏ ရောင်းအားကောင်းခြင်းကြောင့် ဖြစ်ပါသည်။


Reuters Graphics Reuters Graphics
Reuters Graphics Reuters Graphics

Tesla သည် အမေရိကန်တွင် ဇန်နဝါရီလမှ ဇွန်လအထိ ကားအစီးရေ ၃၂၅,၂၉၁ စီး ရောင်းချခဲ့သည်။

General Motors ၏ Chevrolet အမှတ်တံဆိပ်သည် ၎င်း၏သက်တမ်းရင့် Bolt EV မော်ဒယ်သည် ၃၄,၈၄၃ စီး ရောင်းချခဲ့သည်။

သိန်းဂဏန်းနှင့် သောင်းဂဏန်း အစီးရေ အပြတ်အသတ် ကွာဟနေပါသည်။

၎င်းတို့နောက်တွင်  Ford, Hyundai, Rivian တို့ ရှိနေပါသည်။ 


မော်ဒယ်အလိုက်ကြည့်လျှင် Tesla ၏ မော်ဒယ် ၄ ခုစလုံး ထိပ်တန်း (၁၂) ထဲ ပါဝင်သည်။ ထိပ်ဆုံးမှာ နေရာယူထားသည့် မော်ဒယ် ၂ ခု ဖြစ်သည့်  Model Y အစီးရေ ၂ သိန်း၊ Model 3  အစီးရေ ၁၆၀,၀၀၀ ရောင်းချခဲ့သည်။ 

 

Bolt အစီးရေ ၃၅,၀၀၀ ၊ Mustang Mach E အစီးရေ  ၁၃,၆၀၀ ရောင်းချခဲ့သည်။ 
ကားတပ်ဆင်ထုတ်လုပ်ရေး စက်ရုံတစ်ခု အမြတ်ရလောက်သော အရေအတွက်နှင့် ဝေးကွာနေဆဲ ဖြစ်သည်။ စက်ရုံ ထုတ်လုပ်နိုင်စွမ်း၏ အနည်းဆုံး ၈၀% ထုတ်လုပ်မှသာ တွက်‌ေြခကိုက်သည်။ ၈၀% ကျော်မှ အမြတ်အစွန်းရဖို့ မျှော်လင့်နိုင်သည်။
သာဓကအားဖြင့် လျှပ်စစ်ပစ်ကပ်ထရပ် ထုတ်လုပ်သော Rivian သည် ကားတစ်စီး ရောင်းချလိုက်တိုင်း ကန်ဒေါ်လာ ၃၃,၀၀၀ ရှုံးသည်။ အရှုံးဖြင့် ဆက်လက်ရုန်းကန် ရပ်တည်နေရသည်။
Ford က ၎င်း၏ အီးဗီကဏ္ဍ တနှစ်တာ အရှုံးပမာဏ ကန်ဒေါ်လာ ၄.၅ ဘီလီယံ အရှုံးပေါ်မည်ဟု ၂၀၂၃ ဇူလိုင်လတွင် ကြေညာခဲ့သည်။ 


ဘက်ထရီသုံး လျှပ်စစ်ကား၊ ဘက်ထရီ+လောင်စာသုံး လျှပ်စစ်ကား(ဟိုက်ဘရစ်)၊ လောင်စာဆဲလ်သုံး လျှပ်စစ်ကားဟူဿည့် လျှပ်စစ်ကား ၃ မျိုးတို့သည် ၂၀၂၃ ခုနှစ် ပထမ ၆ လတွင် အမေရိကန်ကားအသစ်ဈေးကွက်တွင် ဈေးကွက်ဝေစု ၈.၉% မျှသာ ရရှိခဲ့ပြီး ၎င်း ၈.၉% တွင် အားလုံးနီးပါးကို Tesla က သိမ်းကျုံး ရယူထားသဖြင့် အခြားအီးဗီလုပ်ငန်းများ အမြတ်ရမည့် စီးရေအထိ ရောင်းချနိုင်ဖို့ အခွင့်မသာတော့ချေ။
၎င်း ၈.၉% တွင် လျှပ်စစ်ကား ၃ မျိုးတို့၏ မော်ဒယ် စုစုပေါင်း ၁၀၃ ခု ပါဝင်နေပြီး Model Y နှင့် Model 3 တို့က အကြီးအကျယ် ကြီးစိုးထားသည်။ 
အမေရိကန် အီးဗီဈေးကွက်တွင် ယခုနှစ်မှာ Tesla က သုံးပုံးနှစ်ပုံကျော်ကို သိမ်းပိုက်ထားသည်။ ကျန်သည့် အီးဗီလုပ်ငန်းအသီးသီးတို့၏ ဈေးကွက်ဝေစုသည် ၁၀% အောက်မှာသာ ရှိသည်။ 

Tesla သည် အစကတည်းက ကားတစ်စီး ရောင်းလိုက်တိုင်း ရရှိမည့် အမြတ်ရာခိုင်နှုန်း အမြတ်မာဂျင်ကို များများစားစား ရယူထားသည်။ ဈေးကွက်ထဲ အပြိုင်အဆိုင် ကြမ်းလာသည့်အခါ ဈေးချ ရောင်းသည့်တိုင်အောင် အမြတ်ကျန်နေဆဲ ဖြစ်သည်။ ဈေးချပြီး ရောင်းအား တိုးအောင်လုပ်သည်။ ဈေးကွက်ဝေစုကို သိမ်းကျုံးယူသည်။ 

အီးဗီ လက်လီအရောင်းဈေးနှုန်း လျော့ကျလာသည်။ ပြီးခဲ့သည့်နှစ်တွင် ပျမ်းမျှ $70,000 နီးပါး ရှိသည်။ ယခုနှစ် ဇူလိုင်လတွင် ပျမ်းမျှ 53,376 သို့ လျော့ကျနေပြီ ဖြစ်သည်။

Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1537 times