တစ်နှစ်လျှင် အစီးရေ ၅ သိန်းအထိ ထုတ်လုပ်မည့် စက်ရုံတည်ထောင်ရန် အိန္ဒိယနှင့် Tesla ဆွေးနွေး


တစ်နှစ်လျှင် အစီးရေ ၅ သိန်းအထိ ထုတ်လုပ်မည့် စက်ရုံတည်ထောင်ရန် အိန္ဒိယနှင့် Tesla ဆွေးနွေး

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

Tesla သည် နှစ်စဉ် လျှပ်စစ်ကားအစီးရေ ၅ သိန်းအထိ  ထုတ်လုပ်မည့် ကားစက်ရုံတစ်ခုကို အိန္ဒိယနိုင်ငံ ထူထောင်ရန် ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်အတွက် အိန္ဒိယအစိုးရနှင့် ဆွေးနွေးမှုများ စတင်နေပြီဟု Times of India က ကြာသပတေးနေ့(ဇူလိုင် ၁၂)တွင် သတင်းဖော်ပြခဲ့သည်။

Tesla  အီးဗီများအတွက် စျေးနှုန်းများမှာ ရူပီး ၂ သန်း (ကန်ဒေါ်လာ ၂၄၄၀၀.၆၆) မှ စတင်မည်ဖြစ်သည်။
 
ဘီလျံနာ Elon Musk ဦးဆောင်သော Tesla Inc.  ကုမ္ပဏီသည် အင်ဒို-ပစိဖိတ်ဒေသရှိ နိုင်ငံများသို့ ကားများ တင်ပို့ရန်  အိန္ဒိယကို ပို့ကုန်အခြေစိုက်စခန်းအဖြစ် အသုံးပြုရန် ရည်ရွယ်ချက် ထားရှိသည်။ 


ယမန်နှစ်က Tesla ၏ အီးဗီများ တင်သွင်းလျှင် သွင်းကုန်ခွန် ၁၀၀% အထိ စည်းကြပ်မည့် အကောက်ခွန်နှုန်းထား လျှော့ချပေးရန်  Tesla မှ တောင်းဆိုချက်ကို အိန္ဒိယအစိုးရမှ သဘောတူရန် ငြင်းဆိုပြီးနောက် Tesla နှင့် အိန္ဒိယအာဏာပိုင်တို့အကြား ဆွေးနွေးပွဲများ ရပ်တန့်သွားခဲ့သည်။

Tesla က အိန္ဒိယဈေးကွက်ထဲ Tesla အီးဗီများ၏ ရောင်းအားအခြေအနေကို အရင်သိလိုသဖြင့် Tesla အီးဗီများကို သက်သာသော အကောက်ခွန်နှုန်းထားများဖြင့် တင်သွင်းရောင်းချလိုသည်။ အိန္ဒိယအာဏာပိုင်တို့က ကားစက်ရုံ ရင်းနှီးမြှုပ်နှံမှုကို အရင်အကောင်အထည် ဖော်ခိုင်းသည်။ ထို့ပြင် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး တင်းမာနေသဖြင့် တရုတ်နိုင်ငံ ရှန်ဟိုင်းစက်ရုံမှာ ထုတ်လုပ်သည့် Tesla အီးဗီများကို အိန္ဒိယသို့ တင်သွင်းရောင်းချခြင်း မပြုရန် သတိပေးခဲ့သည်။
Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 13046 times