ဘန်ကောက်မှာ Tesla ဆားဗစ်စင်တာ ဖွင့်လှစ်၊ အားသွင်းကွန်ရက် တိုးချဲ့


ဘန်ကောက်မှာ Tesla ဆားဗစ်စင်တာ ဖွင့်လှစ်၊ အားသွင်းကွန်ရက် တိုးချဲ့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Tesla က ထိုင်းဈေးကွက်ကို ယခုနှစ်မှာ အွန်လိုင်းအရောင်းဖြင့် မောင်းဝင်ခဲ့ပြီး ရောင်းအားအခြေအနေ ကောင်းတာကြောင့် အရှိန်တင်လိုက်ပါတယ်။
ဆားဗစ်စင်တာတစ်ခုကို ဇူလိုင်လတွင် ဘန်ကောက်မြို့မှာ ဖွင့်လှစ်မှာ ဖြစ်ပြီး အားသွင်းကွန်ရက်ကိုလည်း နေရာ ၇ နေရာအထိ တိုးချဲ့သွားမှာ ဖြစ်ပါတယ်။

Ramkhamhaeng Road မှ ယခင် Toyota အရောင်းပြခန်းမှာ Tesla ဆားဗစ်စင်တာ ဖွင့်လှစ်မှာ ဖြစ်ပြီး ကားတွေ ပြသထားမယ့် ပြခန်းတစ်ခုလည်း ထားရှိမှာ ဖြစ်ပါတယ်။ အမှာစာခံ ကားအပ်နှံတဲ့ ဌာနလည်း အတူထားရှိပါမယ်။ ထို့ပြင် ပညာပေးစင်တာတစ်ခုလည်း ထားရှိပေးပြီး Tesla လျှပ်စစ်ကားများအကြောင်း၊ autopilot technology , charging plans အစရှိသည်တို့ကို လေ့လာဆည်းပူးနိုင်ဖို့ စီစဉ်ပေးထားမှာ ဖြစ်ပါတယ်။

Tesla အက်ပ်မှ တစ်ဆင့် ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုကို ရယူနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် အက်ပ်မှာ ရက်ချိန်းယူရမှာ ဖြစ်ပြီး အကြံပေးများကိုလည်း သိလိုသည်တို့ကို မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။
 
Tesla က ဝန်ဆောင်မှုများ ပေးအပ်ဖို့ ထိုင်းမှ Master Motors Service (Thailand) Fastfit Centre ကို တရားဝင် ဝန်ဆောင်မှု ပေးအပ်သူအဖြစ် ခန့်အပ်ထားပါတယ်။


အိမ်မှာ အားသွင်းဖို့အတွက် အထူးအစီအစဉ် တစ်ခု ရယူနိုင်ပါတယ်။ အိမ်မှာ လိုအပ်သည့် တပ်ဆင်မှုများ ဆောင်ရွက်ပေးမှာ ဖြစ်ပြီး ၄ နှစ် အညမခံ ပေးပါတယ်။

စူပါအားသွင်းရုံများကိုလည်း တိုးချဲ့မှာ ဖြစ်ပြီး ဘန်ကောက်ပြင်ပမှာ ပထမဆုံး စူပါအားသွင်းရုံကို ပင်လယ်ကမ်းခြေ ပတ္တယားမှာ ထားဖို့ စီစဉ်နေပါတယ်။
လက်ရှိမှာ စူပါအားသွင်းရုံ ၃ ခု ရှိပါတယ်။ CentralWorld, Central Rama 2 နှင့် Central Rama 3 တို့မှာ ဖြစ်ပါတယ်။ ၁၅ မိနစ် အားသွင်းပြီးရင် ခရီးတာ ၃၀၈ ကီလိုမီတာအထိ သွားနိုင်မှာ ဖြစ်ပါတယ်။
Source nationthailand 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 478 times