တရုတ်ပြည်တွင် အရောင်းနှင့် ဆားဗစ်စင်တာ အကြီးစား ဖွင့်လှစ်ရန် Tesla မြေစတုရန်းပေ ၈၆၁,၀၀၀ ငှားရမ်းစာချ


တရုတ်ပြည်တွင် အရောင်းနှင့် ဆားဗစ်စင်တာ အကြီးစား ဖွင့်လှစ်ရန် Tesla မြေစတုရန်းပေ ၈၆၁,၀၀၀ ငှားရမ်းစာချုပ် ချုပ်ဆို 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Tesla သည် Shanghai Waigaoqiao Free Trade Zone Group နှင့် မြေအငှားစာချုပ် လက်မှတ်ရေးထိုးခဲ့ပါသည်။
ရှန်ဟိုင်းမြို့ရှိ Xin Park စက်မှုဉယျာဉ်တွင် အရောင်းနှင့် ဆားဗစ်စင်တာ အကြီးစားတစ်ခု ဖွင့်လှစ်ရန် မြေငှားရမ်းခြင်း ဖြစ်ပါသည်။

Tesla ၏ အကြီးမားဆုံး ကားစက်ရုံ တည်ရှိသည့် ရှန်ဟိုင်းမြို့တွင် Tesla ၏ အကြီးမားဆုံး အရောင်းနှင့် ဆားဗစ်စင်တာကို ထားရှိမည် ဖြစ်ပါသည်။

ဌားရမ်းသည့် မြေဧရိယာ အကျယ်အဝန်းမှာ စတုရန်းပေ ၈၆၁,၀၀၀ (စတုရန်းမီတာ ၈,၀၀၀) ရှိပြီး နောက်နှစ် ၂၀၂၄ ခုနှစ် နှစ်လယ်တွင် အရောင်းနှင့် ဆားဗစ်စင်တာကို ဖွင့်လှစ်ရန် ရည်မှန်းထားသည်။ 

Tesla သည် တရုတ်ပြည်တွင် အရောင်းပြခန်း ၃၀၀ နီးပါး ဖွင့်လှစ်ထားသော်လည်း ဆားဗစ်စင်တာ တွဲဖက်ထားခြင်း မရှိပါ။ 
 Source Reuters


Tesla Xin Park Shanghai 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 328 times