၂၀၂၅ သို့ ရွှေ့ဆိုင်းလိုက်သည့် တက်စလာ ရုဒ်စတား ကမ္ဘာ့ အရှိန်တင် စံချိန်သစ် ၁ စက္ကန့်အတွင်း ၀-၆၀ မိုင


၂၀၂၅ သို့ ရွှေ့ဆိုင်းလိုက်သည့် တက်စလာ ရုဒ်စတား ကမ္ဘာ့ အရှိန်တင် စံချိန်သစ် ၁ စက္ကန့်အတွင်း ၀-၆၀ မိုင် ရမည်ဟု ကတိပေး

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ကာလကြာရှည် မျှော်လင့်နေကြရသည့် Tesla Roadster အတွက် စိတ်ဝင်စားဖွယ် သတင်းအသစ်အချို့ကို တက်စလာ စီအီးအို အီလွန် မတ်စ် က သူ့ X အကောင့်တွင် မျှဝေခဲ့သည်။

 

ရုဒ်စတား အိမ်စီးပြိုင်ကား အီးဗီ ဗားရှင်းသည် ၁ စက္ကန့်အတွင်း 0-60 mph (96 km/h) မှ အရှိန်မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။

ယခင် တက်စလာ ရုဒ်စတား စံချိန်မှာ 0-60 mph အရှိန်တင်ရန် ၁.၉ စက္ကန့် ကြာသည်။

စတင်ထုတ်လုပ်ရန် ၂၀၂၅ ခုနှစ်သို့ ရွေ့ဆိုင်းကြောင်းလည်း မတ်စ်က အသိပေးသည်။

တက်စလာ ရုဒ်စတားကို မူလက ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် တင်ပြခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် စတင်ထုတ်လုပ်မည်ဟု မတ်စ်က ပြောကြားခဲ့ဖူးပါသည်။

 

ကုမ္ပဏီသည် အိမ်စီးပြိုင်ကားအီးဗီအတွက် ဒီဇိုင်းရည်မှန်းချက်များကို သိသိသာသာ တိုးမြှင့်ထားသည်ဟု မတ်စ်က ပို့စ်တွင် ရေးသားထားသည်။

"ဒါကို ကားလို့ ခေါ်နိုင်ရင်တောင် ဒီလိုကားမျိုး ဘယ်တော့မှ ရှိမှာ မဟုတ်ဘူး"ဟု မတ်စ်က ဆိုသည်။

မတ်စ်က ရုဒ်စတားတွင် ဒုံးပျံအသေးစား ၁၀ ကို ကားကိုယ်ထည်တွင် တပ်ဆင်ပြီး အရှိန်တင်ရန် အသုံးပြုသည်ဟု ရှင်းပြသည်။ 

Musk က "ဒီနည်းပညာဟာ အီးဗီကို ပျံသန်းနိုင်စေမယ်" ဟု ပြောကြားပါသည်။ 

 

မတ်စ်ပြောကြားသည့် အချိန်ဇယားမှာ - 

• Roadster ၏ ထုတ်လုပ်မှု ဒီဇိုင်းသည် ၂၀၂၄ နှစ်ကုန်တွင် တရားဝင် ထုတ်ဖော်ပြသရန်အတွက် အချိန်မီပြီးစီးမည်။

 

• မှာကြားထားသူများထံ ၂၀၂၅ ခုနှစ်တွင် စတင်ပေးပို့မည်။

 

 

 

ကားအရှိန်တင် ကမ္ဘာ့စံချိန်မှာ ၁.၇၄ စက္ကန့်ဖြင့်  0-60 mph အရှိန်တင်ထားသည့် စံချိန်ဖြစ်သည်။

စံချိန်ရှင် Rimac Nevera အီးဗီ ဟိုက်ပါကားဖြင့် တရက်တည်းမှာ စံချိန် ၂၃ ခု တင်ခဲ့သည့်အနက် တခုမှာ ၁.၇၄ စက္ကန့်ဖြင့်  0-60 mph အရှိန်တင်ထားသည့် စံချိန်ဖြစ်သည်။

Source X


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read 194 times