အမေရိကန်၊ တရုတ်၊ ဂျပန်နှင့် ကနေဒါတို့တွင် Tesla စျေးနှုန်းများ မြှင့်တင်


အမေရိကန်၊ တရုတ်၊ ဂျပန်နှင့် ကနေဒါတို့တွင် Tesla စျေးနှုန်းများ မြှင့်တင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


 
Tesla Inc သည် ကနေဒါ၊ တရုတ်၊ ဂျပန်နှင့် အမေရိကန်တို့တွင် ဒေါ်လာ ၂၉၀ အထိ ဈေးနှုန်းများ မြှင့်တင်ခဲ့ကြောင်း ၎င်း၏ ဝက်ဘ်ဆိုက်တွင် မေလ ၁ ရက်တွင် ဖော်ပြခဲ့သည်။
ယခုနှစ်အစပိုင်းကတည်းက ၎င်း၏ရောင်းအားအကောင်းဆုံးကား‌ေမာ်ဒယ်များကို စျေးနှုန်းများ အကြိမ်ကြိမ် လျှော့ချခဲ့ပြီးနောက် ဈေးပြန်တက်သွားခြင်း ဖြစ်သည်။ သို့သော် ဇန်နဝါရီလ ရောင်းဈေးထက် သက်သာနေဆဲ ဖြစ်သည်။

အမှုဆောင်အရာရှိချုပ် Elon Musk က ကုမ္ပဏီသည် အမြတ်အစွန်းများထက် ရောင်းအားတိုးတက်မှုကို ဦးစားပေးလုပ်ဆောင်မည်၊ 
ကားအများအပြားတို့ကို ပင်ကိုမောင်းနှင် ဆော့ဖ်ဝဲလ်များ တင်ပေးပြီသည့်နောက်တွင် အမြတ်အစွန်း ပိုမိုရရှိရေး ဆောင်ရွက်မည်ဟု ပြောကြားခဲ့သည်။

  ကုမ္ပဏီသည် အရောင်းပမာဏ တိုးစေဖို့ အမြတ်ကို အနစ်နာခံသော်လည်း ထုတ်လုပ်စီးရေကို ရောင်းအားစီးရေက အမီလိုက်နိုင်နေသောအခါ၌ ဈေးအမြင့်သို့ ပြန်တက်မည်ဟု Musk က ပြောကြားခဲ့သည်။

Tesla သည် ကားလုပ်ငန်းအစဉ်အလာဖြစ်သည့် ပုံသေဈေးနှုန်းဖြင့် ရောင်းချခြင်းအစား ၎င်း၏ ဝဘ်ဆိုက်တွင် အချိန်နှင့်အမျှ ဈေးအတက်အကျ ပြောင်းလဲသတ်မှတ်ပေးနေသည့် ပုံစံသို့ တဖြည်းဖြည်း ကူးပြောင်း သွားမည် ဖြစ်သည်။

အကြီးဆုံးဈေးကွက် အမေရိကန်တွင် Model Y နှင့်  Model 3 အခြေခံ မော်ဒယ်တို့ကို $250 ဈေးတက်လိုက်သည်။

ဒုတိယအကြီးဆုံးဈေးကွက် တရုတ်တွင်လည်း ၂,၀၀၀ ယွမ် ($289) ဈေးတက်သည်။

ကနေဒါတွင် အရည်အသွေးမြင့် ဗာရှင်းများကို ကနေဒါဒေါ်လာ ၃၀၀ ($222) ဈေးတက်သည်။

ဂျပန်တွင် အခြေခံမော်ဒယ် Model 3 ကို ၃၇,၀၀၀ ယန်း ($269) ဈေးတက်သည်။
Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 164 times