အိတ်ပျော့ဆဲလ်ဘက်ထရီ ထုတ်လုပ်ရန် Tesla ရှန်ဟိုင်းစက်ရုံ တိုးချဲ့ရန် ခွင့်ပြုမိန့် လျှောက်ထား


အိတ်ပျော့ဆဲလ်ဘက်ထရီ ထုတ်လုပ်ရန် Tesla ရှန်ဟိုင်းစက်ရုံ တိုးချဲ့ရန် ခွင့်ပြုမိန့် လျှောက်ထား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 


 Tesla Inc သည် ရှန်ဟိုင်းစက်ရုံကို တိုးချဲ့ရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းထံ ခွင့်ပြုမိန့် လျှောက်ထားပါသည်။
 ရှန်ဟိုင်းမြို့ရှိ Shanghai Gigafactory စက်ရုံတွင် အိတ်ပျော့အမျိုးအစား ဘက်ထရီဆဲလ်များကို စတင်ထုတ်လုပ်မည် ဖြစ်သည်။

Shanghai Gigafactory သည် ယခုအခါ ယာဉ်ရွေ့လျားမှုဆိုင်ရာ အပိုင်းဖြစ်သည့် ပါဝါထရိန်း တစ်နှစ်လျှင် ခုရေ ၁.၂၅ သန်း ထုတ်လုပ်နေရာမှ ၁.၇၅ သန်းသို့ တိုးမြှင့် ထုတ်လုပ်နိုင်ရန် စီစဉ်နေသည်။

အိတ်ပျော့ဆဲလ် Pouch cell ကို လူသုံးကုန် အီလက်ထရွန်နစ်ပစ္စည်းများတွင် တွင်တွင်ကျယ်ကျယ် သုံးစွဲကြသည်။ ဘက်ထရီ အစိတ်အပိုင်းများကို ပျော့ပျောင်းသည့် သတ္တုသားအိတ်ထဲ ထည့်ပေးထားသည်။ 
အိတ်ပျော့ဆဲလ် ဘက်ထရီကို ယခင်က Tesla အီးဗီများတွင် သုံးစွဲခဲ့ဖူးခြင်း မရှိပေ။ ဆလင်ဒါအမာကိုသာ သုံးစွဲသည်။

 

 

Tesla ၏ ကားစက်ရုံများတွင် Shanghai Gigafactory သည် အကြီးမားဆုံး ဖြစ်သည်။
၂၀၂၂ တွင် Model 3 နှင့် Model Y ၇၂၆,၀၀၀ စီးခန့် ထုတ်လုပ်ခဲ့သည်။ Tesla ကမ္ဘာ့ရောင်းအား၏ ထက်ဝက်ကျော်ကို Shanghai Gigafactory တွင် ထုတ်လုပ်သည်။

Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 203 times