တရုတ်ပြည်မှ Tesla  အားသွင်းကွန်ရက် Polestar သုံးစွဲမည်


တရုတ်ပြည်မှ Tesla  အားသွင်းကွန်ရက် Polestar သုံးစွဲမည်

TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U


Polestar သည် တရုတ်ပြည်တွင် ကုမ္ပဏီပိုင် အားသွင်း ကွန်ရက် ထားရှိမည်ဖြစ်သော်လည်း အခြားကုမ္ပဏီများ၏ အားသွင်းကွန်ရက်များထံမှ သုံးစွဲခွင့် ရယူပြီး သုံးစွဲခြင်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရာ၌ တရုတ်ပြည်မှ Tesla  အားသွင်းကွန်ရက် သုံးစွဲခွင့် ရယူခဲ့သည်။

Polestar China အမှုဆောင်အရာရှိချုပ် Shen Ziyu က ကုမ္ပဏီသည် Tesla ၏ Supercharger ကွန်ရက်ကို တရုတ်နိုင်ငံတွင် ရယူသုံးစွဲရန်အတွက် Tesla ထံမှ သဘောတူခွင့်ပြုချက် ရယူခဲ့ကြောင်း ပြောကြားသည်။

၂၀၂၄ ခုနှစ် ပထမ ၃ လပတ်တွင် Polestar သည် တရုတ်ပြည်တွင် ကုမ္ပဏီပိုင် အားသွင်းရုံ ၆၀ ခု ထားရှိမည် ဖြစ်သည်။ အခြားအားသွင်းကွန်ရက် ကုမ္ပဏီများနှင့် သဘောတူညီချက် ရယူထားသည့် အားသွင်းတိုင် စုစုပေါင်း ၅၅၀,၀၀၀ ကျော် ရှိသည်ဟု Shen ကပြောကြားသည်။


Polestar ကို မူလက Volvo Cars က ဝယ်ယူခဲ့သည်။ ထို့နောက် Polestar ကို တသီးတခြား အမှတ်တံဆိပ်တခုအဖြစ် ရပ်တည်လုပ်ကိုင်စေသည်။ ဘဏ္ဍာရေး ကျောထောက်နောက်ခံကို Geely နှင့် Volvo တို့က ထောက်ပံ့ပေးသည်။

ဈေးနှုန်း အမြင့်တန်း အီးဗီ ထုတ်လုပ်သည့် ကုမ္ပဏီအဖြစ် ရပ်တည်သည်။
ရုံးချုပ်ကို ဆွီဒင်နိုင်ငံ ဂိုသင်ဘတ်မြို့တွင် ထားရှိသည်။ 

၂၀၂၂ ဇွန်လတွင် အမေရိကန်မှ စတော့အိပ်ချိန်း NASDAQ မှတဆင့် လူအများထံ ရှယ်ယာများ ရောင်းချပြီး အများနှင့် သက်ဆိုင်သော ကုမ္ပဏီ အဖြစ်သို့ ပြောင်းလဲခဲ့သည်။

လက်ရှိတွင် Polestar ၏ မော်ဒယ်များအားလုံးကို တရုတ်နိုင်ငံတွင် ထုတ်လုပ်လျက်ရှိသည်။
နောက်ဆုံးထုတ် မော်ဒယ် Polestar 4 ကို ဟံကျိုးမြို့ရှိ Geely ၏ ကားစက်ရုံတွင် စတင်ထုတ်လုပ်နေပြီ ဖြစ်သည်။

ဇွန်လတွင် Polestar ရ တက်စလာ၏ အားသွင်း ကွန်နက်တာဒီဇိုင်းဖြစ်သည့် North American Charging Standard (NACS) ကို ၂၀၂၅ ခုနှစ်မှစ၍ Polestar အီးဗီများတွင် တပ်ဆင်ပေးထားမည်ဟု ကြေညာခဲ့သည်။

ယခု နိုဝင်ဘာလတွင် တက်စလာထံမှ သဘောတူညီချက် ရယူခဲ့သည်။ 

တရုတ်မှ နိုင်ငံပိုင်လုပ်ငန်း SAIC Motor နှင့် အမေရိကန်မှ General Motors GM တို့၏ တရုတ်ပြည်မှ ဖက်စပ်လုပ်ငန်း SAIC-GM ဖက်စပ်လုပ်ငန်းကလည်း NACS ကို ၎င်း၏ အီးဗီများတွင် တပ်ဆင်ပေးထားမည်ဖြစ်ပြီး တရုတ်ပြည်မှ Tesla ၏ Supercharger ကွန်ရက်ကို အသုံးပြုမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၀ ရက်တွင် တရားဝင် ကြေညာခဲ့သည်ကို Automobile Guide တွင် ဖော်ပြခဲ့ပါသည်။

SAIC-GM တရုတ်ပြည်မှ Tesla စူပါအားသွင်းကွန်ရက် သုံးစွဲရန် သဘောတူညီချက် ရယူ
.
https://www.automobiledirectory.com.mm/article/saic-gm-tesla-superchargers.html
အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ

Source enevpost
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U

Read 843 times