အစိုးရ မူဝါဒကြောင့် ကိုရီးယားတွင် ယခုနှစ်မှာ Tesla ကား တစ်စီးသာ ရောင်းချ


အစိုးရ မူဝါဒကြောင့် ကိုရီးယားတွင် ယခုနှစ်မှာ Tesla ကား တစ်စီးသာ ရောင်းချ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

တရုတ်ဘက်ထရီပါသော ကားများအတွက် အီးဗီ ထောက်ပံ့မှုများကို လျှော့ချရန် အစိုးရက တွန်းအားပေးနေသောကြောင့် ယခုနှစ်တွင် ကိုရီးယားမှာ Tesla တစ်စီးသာ ရောင်းချခဲ့သည်။ 

 

၂၉၂၃ ခုနှစ် ဒီဇင်ဘာလတွင် တက်စလာကား ၁,၀၂၂ စီး ကနဦး မှတ်ပုံတင်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ၁ စီးသာ ကနဦး မှတ်ပုံတင်သည်ဟု  Korea Automobile Importers & Distributors Association (Kaida) က အချက်အလက် ထုတ်ပြန်သည်။ 

 

ကိုရီးယား အစိုးရက တစ်နှစ်တာအတွက် အီးဗီ ထောက်ပံ့မှု မူဝါဒ စည်းမျဉ်းအသစ်ကို မကြေညာသေးသော်လည်း ကိုရီးယားနိုင်ငံတွင် ထုတ်လုပ်သော ဘက်ထရီထုပ်များထက် ဈေးသက်သာသည့် တရုတ် ဘက်ထရီထုပ် သုံးစွဲထားသည့် အီးဗီများအတွက် ထောက်ပံ့မှုများ လျှော့ချဖြတ်တောက်မည် ဖြစ်သဖြင့် တရုတ်ဘက်ထရီထုပ် သုံးထားသော တက်စလာကားများကို လက်ရှောင်ထားကြသည်။ 

 

အစိုးရ မူဝါဒသည် တရုတ်နိုင်ငံထုတ် လစ်သီယမ် သံ ဖော့စဖိတ် lithium iron phosphate (LFP) ဘက်ထရီထုပ်များကို ပစ်မှတ်ထားသည်။ LFP သည် ကုန်ကျစရိတ်သက်သာသည်. သို့သော် စွမ်းအင်သိပ်သည်းဆသည် အရည်အသွေး မြင့်သည့် နီကယ်-ကိုဘော့-မန်းဂနိစ် nickel-cobalt-manganese (NCM) ကို မမီချေ။ ကိုရီးယားမှ ဘက်ထရီထုပ် ထုတ်လုပ်သူတို့က NCM အပေါ် အခိုင်အမာ ရပ်တည်ထားကြသည်။ 

 

မူဝါဒအသစ်ကို ဖေဖော်ဝါရီလအတွင်းမှာ စတင်ကျင့်သုံးနိုင်ဖွယ် ရှိသည်။  

 

တက်စလာသည် ကိုရီးယားနိုင်ငံသို့ တရုတ်ပြည်တွင် ထုတ်လုပ်သည့် Model Y များ တင်သွင်း ရောင်းချခဲ့ရာ ရောင်းအား အလွန်ကောင်းခဲ့သည်။ ၎င်း Model Y များတွင် LFP  ဘက်ထရီထုပ်များ သုံးထားသဖြင့် ကိုရီးယားတွင် ရောင်းချသည့် ဈေးနှုန်းသည် အမေရိကန်တွင် ရောင်းချသည့် ဈေးနှုန်းထက် ဝမ် သန်း ၂၀ ($15,000) သက်သာသည်။ 

တက်စဘာသည် အရွယ်အစား ပိုငယ်သည့်  Model 3 ကို ကိုရီးယားတွင် မကြာခင်မှာ စတင်ရောင်းချရန် စီစဉ်ထားသည်။ 

 

၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် ထုတ်လုပ်သည့်  Model Y များကို ကိုရီးယားတွင် ရောင်းချခဲ့ရာ တင်သွင်းရောင်းချသည့် အီးဗီများတွင် နံပါတ်(၁) အရောင်းရဆုံး ဖြစ်ခဲ့ပါသည်။ ၁၃,၈၈၅ စီး ရောင်းချခဲ့သည်။

 


 

တရုတ်နိုင်ငံထုတ် Tesla မော်တော်ယာဉ်များ တောင်ကိုရီးယားနိုင်ငံသို့ ပထမဆုံးအကြိမ် တင်ပို့ 

https://www.automobiledirectory.com.mm/article/-tesla-china-rok.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 

Kia ၏ Ray EV, KG Mobility' ၏ Torres EV နှင့်  Volvo ၏ EX30 တို့သည်လည်း  LFP  ဘက်ထရီများ သုံးစွဲထားကြပါသည်။ 

 

Source koreajoongangdaily


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL

Read 193 times