ကွမ်တုန်းမှ ထူးဆန်းသော Tesla Model Y ယာဉ်တိုက်မှု 


ကွမ်တုန်းမှ ထူးဆန်းသော Tesla Model Y ယာဉ်တိုက်မှု 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တရုတ်နိုင်ငံ ကွမ်တုန်းမှ ထူးဆန်းသော Tesla Model Y ယာဉ်တိုက်မှုကို စုံစမ်းစစ်ဆေးရာတွင် လိုအပ်သည့် အကူအညီများပေးအပ်မည်ဖြစ်ကြောင်း Tesla က ပြောကြားပါသည်။ အဆိုပါ ယာဉ်တိုက်မှုတွင် ၂ ဦးသေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပါသည်။

အဆိုပါ ယာဉ်တိုက်မှု နိုဝင်ဘာ ၅ ရက်တွင် ဖြစ်ပွားခဲ့ပြီး CCTV ဗီဒီယိုမှတ်တမ်းကို ဆက်စပ်ပြီး တင်ပြထားသည့်  ဗီဒီယိုဖိုင်သည် တရုတ်လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါသည်။
၎င်း CCTV ဗီဒီယိုတွင် Tesla Model Y သည် လမ်းဘေးတွင် ရပ်လိုက်သည်။ ထို့နောက် ၂ လမ်းသွား လမ်းပေါ်သို့ မောင်းထွက်လိုက်ပြီးနောက် တရကြမ်း မောင်းနှင်နေသည်ကို တွေ့ရသည်။ ကားများ၊ မော်တော်ဆိုင်ကယ်များကို ရှောင်တိမ်းနိုင်ခြင်းမရှိ၊ အရှိန်လည်း မလျော့ဘဲ သွားနေရာမှ လမ်းဘေးစတိုးဆိုင်တစ်ခုကို အရှိန်ပြင်းပြင်းဖြင့် ဝင်တိုက်မိပြီး ဇာတ်သိမ်းသွားသည်။
တရကြမ်းမောင်းနှင်နေသည်မှာ စက္ကန့် ၃၀ ခန့်ကြာသည်။ ၂.၆ ကီလိုမီတာ မောင်းနှင်ခဲ့သည်။

 ယာဉ်မောင်းက ဒဏ်ရာဖြင့် အသက်ရှင် ကျန်ရစ်သည်။ အသက် ၅၅ နှစ် အမျိုးသား ယာဉ်မောင်း၏ မိသားစုဝင်တစ်ဦးက Jimu News ကို ပြောပြသည်မှာ ယာဉ်မောင်းသည် ကားဘရိတ် အလုပ်မလုပ်တော့သည်ကို ကြုံခဲ့သည်။ မိသားစု ဆိုင်ရှေ့ ကားရပ်မည်ပြုစဉ် ဘရိတ်နင်းလိုက်ရာမှ ကားက ဗွေဖောက်သွားခဲ့ကြောင်း ပြောပြသည်။

ကွန်ပျုတာမှ ယာဉ်မှတ်တမ်းကို  စစ်ဆေးကြည့်ရာတွင် ဘရိတ်ခြေနင်းကို အသုံးပြုထားခြင်း မရှိကြောင်း တွေ့ရသည်ဟု Tesla က ပြောကြားသည်။ ယာဉ်ကို တရကြမ်းမောင်းနေစဉ် လီဗာကိုသာ နင်းထားသည်က များသည်။ CCTV ဗီဒီယိုတွင် ယာဉ်နောက်ပိုင်းကို မြင်ရသည့် အချိန်များပါသည်။  ဖြစ်ရပ် စတင်ဖြစ်ပွားပြီး ၂၃ စက္ကန့်ခန့်အကြာတွင် ဘရိတ်မီးလင်းသည်ကို တဒင်္ဂမျှ တွေ့ရသည်။

CCTV ဗီဒီယို 

https://t.me/Guid4U/3098

 

Read 1200 times