ဂျာမနီထုတ် Tesla Model Y တိုင်ဝမ်သို့ စတင်ရောက်ရှိ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ဂျာမနီနိုင်ငံ Giga Berlin တွင် ထုတ်လုပ်တဲ့ Tesla Model Y ထိုင်ဝမ်သို့ ရောက်ရှိခဲ့ပြီး အရောင်းပြခန်းသို့ ပေးပို့ခဲ့ပါတယ်။
တိုင်ဝမ်မှ အမှာစာများအတွက် ကားများ အလုံးအရင်းဖြင့် ဒီဇင်ဘာလ လဆန်းပိုင်းမှာ ရောက်ရှိလာမယ်လို့ သတင်းများ ထွက်ပေါ်ပါတယ်။
ပထမဆုံး Tesla Model Y ကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ထိုင်ဝမ်ရှိ အရောင်းပြခန်းသို့ ပို့ဆောင်ခဲ့ပါတယ်။
၎င်းTesla Model Y ဓာတ်ပုံကို လူမှုကွန်ရက် ပလက်ဖောင်း Twitter မှာ တင်ပြခဲ့ပါတယ်။ Tesla Neihu Center ရဲ့ ယာဉ်ရပ်နားရန် နေရာမှာ ရိုက်ထားတဲ့ ဓာတ်ပုံ ဖြစ်ပါတယ်။
တိုင်ဝမ်အတွက် Model Y များကို ဂျာမနီနိုင်ငံ Giga Berlin တွင် ထုတ်လုပ်ပြီး တိုင်ဝမ်သို့ သင်္ဘောဖြင့် ပေးပို့မှာ ဖြစ်ပါတယ်။ တရုတ်ပြည် ရှန်ဟိုင်းမြို့ရှိ Giga Shanghai မှ တင်ပို့ရင် ပထဝီနိုင်ငံရေးကြောင့် ပြဿနာ တက်နိုင်တဲ့အတွက် ဥရောပမှသာ တင်ပို့ပါတယ်။ နီးလျက်နှင့် ဝေးနေရပါတယ်။
VIN နံပါတ်မှာ အက္ခရာဂဏန်းသင်္ကေတ XP7 လို့ ဖော်ပြထားပါတယ်။ XP7 က Giga Berlin မှာ ထုတ်လုပ်တဲ့ကားများအတွက် အမှတ်စဉ် ဖြစ်ပါတယ်။
တိုင်ဝမ်သို့ တင်ပို့မယ့်ကားများကို ဂျာမနီမှာ ထုတ်လုပ်ပြီး နယ်သာလန်သို့ ပေးပို့ပါတယ်။ နယ်သာလန်မှာ သင်္ဘောတင်ပေးပြီး တိုင်ဝမ်သို့ ပေးပို့ပါတယ်။ ခရီးစဉ်က သီတင်းပတ် ၄ ပတ်နီးပါး ကြာမြင့်ပါတယ်။ တိုင်ဝမ်အတွက် Model Y များ လမ်းခရီးမှာ ရောက်ရှိနေပါတယ်။
Source Twitter
Tesla vin decoder ဝဘ်စာမျက်နှာ
https://tesla-info.com/vin-decoder.php
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U