ကမ္ဘာ့‌အရောင်းရဆုံး အီးဗီမော်ဒယ် Tesla Model Y ပြန်လည်မွမ်းမံထားသည့် ၂၀၂၄ ဗားရှင်း ထုတ်လုပ်မည်


ကမ္ဘာ့‌အရောင်းရဆုံး အီးဗီမော်ဒယ် Tesla Model Y ပြန်လည်မွမ်းမံထားသည့် ၂၀၂၄ ဗားရှင်း ထုတ်လုပ်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


၂၀၂၀ ပြည့်နှစ်တွင် စတင်ရောင်းချခဲ့သော Tesla  Model Y သည် အလွန်ရေပန်းစားလာခဲ့ပြီး လက်ရှိတွင် ကမ္ဘာ့အရောင်းရဆုံး အီးဗီမော်ဒယ်အဖြစ်  ရပ်တည်နေပါသည်။

Tesla Inc သည် တရုတ်ပြည် ရှန်ဟိုင်းစက်ရုံမှာ  Model Y ပြန်လည်မွမ်းမံထားသော ဗားရှင်းကို ထုတ်လုပ်ရန် ပြင်ဆင်နေသည်။
အမြောက်အမြားထုတ်လုပ်မှုကို ၂၀၂၄ ခုနှစ် နစ်လယ်ပိုင်းတွင် စတင်ရန် ရည်မှန်းထားသည်။

 Model Y ကို မွမ်းမံပြီး ၂၀၂၃ အောက်တိုဘာလတွင် update ဗားရှင်း ထုတ်လုပ်ခဲ့သည်။
ယခုတကြိမ် ထပ်မံ မွမ်းမံထားရာ၌ အတွင်းရော အပြင်ပါ အပြောင်းအလဲများ သိသာမည်ဟု ဆိုသည်။ ဘီးခွေဒီဇိုင်းအသစ် သုံးထားသည်။


ရှန်ဟိုင်းစက်ရုံမှ ထုတ်လုပ်ရေးလိုင်းတွင် မွမ်းမံမော်ဒယ် ထုတ်လုပ်ရန် လိုအပ်သည့် ပြင်ဆင်မှုများကို နှစ်သစ်ကူးကာလ အလုပ်ပိတ်ရက်များတွင် ဆောင်ရွက်မည်။ 

Model Y ကို ၂၀၂၀ ပြည့်နှစ်တွင် စတင်ထုတ်လုပ်ခဲ့သည်။ အလွန်အမင်း လူကြိုက်များသည်။ ယခုအခါ ကမ္ဘာ့အရောင်းရဆုံး အီးဗီမော်ဒယ် ဖြစ်ပါသည်။
တရုတ်ပြည်တွင် တက်စလာ အီးဗီများ ရောင်းအားတွင် ၇၀% နီးပါးသည် Model Y  ဖြစ်ပါသည်။
Source Asia Nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 978 times