တရုတ်နိုင်ငံမှ ကနေဒါသို့ Tesla Model Y   ပထမဆုံးအကြိမ် တင်ပို့ရန် ပြင်ဆင်နေ


 တရုတ်နိုင်ငံမှ ကနေဒါသို့ Tesla Model Y  ပထမဆုံးအကြိမ် တင်ပို့ရန် ပြင်ဆင်နေ

 TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 


Tesla သည် ယခုနှစ်အတွင်း ကနေဒါတွင် ရောင်းချမည့် Model Y ဗားရှင်းကို တရုတ်နိုင်ငံ
ရှန်ဟိုင်းမြို့ရှိ Gigafactory Shanghai (Tesla Gigafactory 3)တွင် စတင်ထုတ်လုပ်နေပြီဖြစ်သည်။

တရုတ်နိုင်ငံမှ မြောက်အမေရိကသို့ ကားများကို ပထမဆုံးအကြိမ် တင်ပို့‌တော့မည်ဖြစ်သည်။

 Model Y သည် ကမ္ဘာတစ်ဝှမ်းတွင် လျှပ်စစ်ကား ထုတ်လုပ်သူ Tesla ၏ ရောင်းအားအကောင်းဆုံး မော်ဒယ်ဖြစ်သည်။

ရှန်ဟိုင်းကားစက်ရုံသည် Tesla ၏ အကြီးဆုံးနှင့် ကားထုတ်လုပ်မှု ကုန်ကျစရိတ် အသက်သာဆုံး စက်ရုံဖြစ်သည်။
 
Tesla သည် ကနေဒါတွင် ၎င်း၏ Model Y ၏ စျေးသက်သာသည့် ဗားရှင်းအသစ်ဖြစ်သော SUV ပုံစံ crossover ၏ နောက်ဘီးယက်ဗားရှင်းကို ကနေဒါဒေါ်လာ ၁၀,၀၀၀ ($7,377.90) ဖြင့်  ၎င်း၏ဝဘ်ဆိုဒ်တွင် ဈေးဖွင့်ထားသည်။
ကနေဒါမှ  ဝယ်ယူသူများသည် မေလမှ ဇူလိုင်လအတွင်း Model Y ဗားရှင်းအသစ်ကို လက်ခံရရှိမည်ဟု အသိပေးထားသည်။
Model Y ဗားရှင်းအသစ် နှင့် ပိုဈေးကြီးသော ခရီးတာ ပိုဝေးဝေး သွားနိုင်သည့် ဗားရှင်း နှစ်မျိုးစလုံး ဝယ်ယူချိန်တွင် မက်လုံးအဖြစ် ကနေဒါဒေါ်လာ ၅,၀၀၀ ရမည်ဟု ဖော်ပြထားသည်။
၄ နှစ် အငှားစနစ်ဖြင့်လည်း ဝယ်ယူနိုင်ကြောင်း ဖော်ပြထားသည်။

ကနေဒါသို့ ပေးပို့မည့် ဗားရှင်း Model Y များကို ဧပြီလဆန်းတွင် စတင်ထုတ်လုပ်ခဲ့သည်။ ယခု ၃ လပတ်တွင် စီးရေ ၉,၀၀၀ နီးပါး ထုတ်လုပ်ရန် လျာထားသည်။
Source Reuters 
 TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 179 times