တရုတ်ကားဈေးကွက် Tesla Model Y ဈေးပြန်တက်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Tesla Inc သည် ယခုနှစ်အစတွင် ကားရောင်းနှုန်းများကို သိသိသာသာ လျှော့ချခဲ့ပြီး ဝယ်လိုအား မြင့်တက်စေကာ ကြိုတင်အမှာစာများ ရယူခဲ့ပါတယ်။
၎င်းအမှာစာများထံ ကားအပ်နှံနိုင်ဖို့အတွက် လာမည့်နှစ်လအတွင်း ၎င်း၏ ရှန်ဟိုင်းစက်ရုံတွင် ထုတ်လုပ်မှု တိုးရန်စီစဉ်ထားကြောင်း Reuters သတင်းတွင်ဖော်ပြထားသည်။
ယခုအခါ Model Y crossovers များ၏ စတင်စျေးနှုန်းကို ၀.၈ ရာခိုင်နှုန်း တိုးမြှင့်လိုက်ပြီး ယွမ် ၂၆၁,၉၀၀ ဟု သတ်မှတ်လိုက်သည်။
ကုမ္ပဏီ၏ တရုတ်ဝဘ်ဆိုက်တွင် ဖော်ပြထားသော စျေးနှုန်းအချက်အလက်များအရ Tesla သည် Model Y ၏ နောက်ဘီးယက်ဗားရှင်းအတွက် ယခင်က ရောင်းဈေး ယွမ် ၂၅၉,၉၀၀ ဟု ဈေးလျှော့သတ်မှတ်ထားသည်ကို ယခု ယွမ် ၂,၀၀၀ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။
Tesla သည် Model Y နှင့် Model 3 ကားများ၏ အခြားဗားရှင်းများအတွက် စျေးနှုန်းများကို ပြောင်းလဲသတ်မှတ်ခြင်း မရှိသေးပါ။
Source Reuters
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U