ဈေးချိုသည့် Tesla Model-2 ထုတ်လုပ်မည့် Gigafactory Mexico ပန္နက်ချမည့်ရက် နီးကပ်လာပြီဟု ပြောကြာ


ဈေးချိုသည့် Tesla Model-2 ထုတ်လုပ်မည့် Gigafactory Mexico ပန္နက်ချမည့်ရက် နီးကပ်လာပြီဟု ပြောကြား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

မက္ကဆီကိုနိုင်ငံမှ Nuevo León အုပ်ချုပ်ရေးမှူး Samuel García က ဒေသဆိုင်ရာအာဏာပိုင်များမှ Gigafactory Mexico ဆောက်လုပ်ရန် ကင်းရှင်းချက်အတွက် လိုအပ်သည့်  စာရွက်စာတမ်းများအားလုံး အသင့်ပြင်ဆင်ထားကြောင်း  မကြာသေးမီက ထုတ်ဖော် ပြောကြားခဲ့သည်။
.
Gigafactory Mexico စက်ရုံ တည်နေရာသည် မက္ကဆီကိုနိုင်ငံ  အရှေ့မြောက်ပိုင်းရှိ မြို့ကြီး Monterrey အပြင်ဘက်တွင် တည်ရှိသည်။
.  
ဖေဖော်ဝါရီ ၂၈ ရက်တွင် မက္ကဆီကိုသမ္မတ Andrés Manuel López Obrador က Tesla သည် Nuevo León ကို ၎င်း၏နောက်လာမည့် ထုတ်လုပ်မှုစက်ရုံ ထားရှိမည့် နေရာအဖြစ် ရွေးချယ်ခဲ့ကြောင်း ကြေညာခဲ့သည်။
.
နောက်တစ်နေ့ဖြစ်သည့် မတ်လ ၁ ရက်တွင်  Tesla ၏ 2023 ရင်းနှီးမြှုပ်နှံသူများနေ့ ကျင်းပခဲ့ရာ Musk က Gigafactory Mexico အတွက်အစီအစဉ်များကို ထုတ်ဖော်ပြောကြားခဲ့သည်။
.
Tesla ၏ နောက်ထပ် မျိုးဆက်သစ် ဈေးအနိမ့်တန်း အီးဗီ (Model 2) ကို ၎င်းစက်ရုံတွင်  ထုတ်လုပ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

 မကြာသေးမီက အုပ်ချုပ်ရေးမှူး Samuel García က ပြောကြားခဲ့ရာတွင် “ကျွန်တော်တို့ သိထားသလောက်ကတော့ ဒီကားအသစ်၊ မော်ဒယ်အသစ်ရဲ့ ဒီဇိုင်းနောက်ဆုံးအဆင့်ကို ရောက်နေပါပြီ၊  ကမ္ဘာပေါ်မှာ အကောင်းဆုံး လျှပ်စစ်ကား၊ ဈေးကလည်း သက်သာတဲ့ ကား၊  ပြီးတော့ ရောင်းအား 'ပေါက်' မယ့်ကားပါ" ဟု အသိပေးသည်။
.
လူအများ ဝယ်စီးဖိုး တတ်နိုင်မည့် အီးဗီအသစ်ကို ဈေးနှုန်း ကန်ဒေါ်လာ ၂၅,၀၀၀-၃၀,၀၀၀ ဖြင့် ရောင်းချနိုင်လိမ့်မည်ဟု သတင်းထွက်ပေါ်သည်။ ၎င်းဈေးနှုန်းဖြင့် ရောင်းချနိုင်ခဲ့လျှင် ရောင်းအား အလွန်ကောင်းလိမ့်မည်ဟု ခန့်မှန်းထားကြသည်။
.
"ဘယ်ရက်မှာ ခွင့်ပြုမိန့်အားလုံး ပေးနိုင်မယ်ဆိုတာတော့ ကျွန်တော်တို့ မပြောနိုင်သေးပေမဲ့ သတင်းကောင်းကတော့ ပတ်ဝန်းကျင်၊ စွမ်းအင်၊ ရေ စတာတွေအတွက် ခွင့်ပြုမိန့်အကုန်လုံး ခရီးတဝက်ကျော်ကို ရောက်နေပြီ။ လုပ်ကိုင်နေဆဲ ဖြစ်ပြီး ရပ်ထားတာ မရှိပါဘူး။ ဒီတော့ စက်ရုံအတွက် ပန္နက်ချမည့်ရက် နီးလာပါပြီ" ဟု García က ပြောကြားသည်။
Source: Milenio

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 755 times