ယူအေအီးသို့ အထူးသီးသန့်အရောင်  Tesla ကားများ ပေးပို့


ယူအေအီးသို့ အထူးသီးသန့်အရောင်  Tesla ကားများ ပေးပို့

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Tesla သည် အရှေ့အလယ်ပိုင်းဒေသ ဈေးကွက်များအတွက် ကားများ ပထမဆုံးအသုတ်ကို တင်ပို့ခဲ့ရာ အထူးသီးသန့်အရောင်ဖြင့် တင်ပို့မည်ဟု ကတိပေးခဲ့သည်နှင့်အညီ သန်းခေါင်ယံ ချယ်ရီနီ Midnight Cherry Red အရောင် ကားများ ပေးပို့ခဲ့သည်။
သန်းခေါင်ယံ ချယ်ရီနီ ကားများကို ဂျာမနီနိုင်ငံရှိ Tesla ၏ ကားစက်ရုံ Gigafactory Berlin မှာ ထုတ်လုပ်ပါသည်။ 
ပထမဆုံးအသုတ်အဖြစ် သန်းခေါင်ယံ ချယ်ရီနီ အရောင် Model Y ကားကို အာရပ်စော်ဘွားများ ပြည်ထောင်စု United Arab Emirates UAE သို့ ရောက်ရှိလာသည်။

ပြီးခဲ့သည့်နှစ်နှောင်းပိုင်းတွင် Tesla သည် နှစ်များအတွင်း ပထမဆုံးအကြိမ်အဖြစ် အရောင်အသစ်များကို တီထွင်ကာ နမူနာ ထုတ်လုပ်ခဲ့ရာ Midnight Cherry Red နှင့် Quicksilver တို့ ပါဝင်သည်။

Gigafactory Berlin တွင် ကမ္ဘာ့ ခေတ်အမီဆုံး ကားဆေးမှုတ်ရုံ ရှိပြီး ၎င်းကားဆေးမှုတ်ရုံ၌သာ Midnight Cherry Red အရောင် ဆေးမှုတ်ပေးနိုင်ပါသည်ဟု စီအီးအို Elon Musk က ပြောကြားခဲ့သည်။

Midnight Cherry Red ကို Model Y Performance မော်ဒယ်များအတွက်သာ ဖြစ်ပြီး နောက်နောင်တွင် အခြားမော်ဒယ်များတွင်လည်း အသုံးပြုဖို့ အလားအလာ ရှိပါသည်။
သန်းခေါင်ယံ ချယ်ရီနီ အရောင် ကားများကို ဥရောပတွင် စတင်ရောင်းချခဲ့ပြီး ယခုအခါ အခြားဒေသများသို့ တိုးချဲ့လိုက်ခြင်း ဖြစ်ပါသည်။
ယခုအခါ ယူအေအီးမှ ဒူဘိုင်းနှင့် အဘူဒါဘီတို့တွင် တည်ရှိသည့် အရောင်းပြခန်းများသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။


 Source teslarati 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1095 times