ဘက်ထရီထုပ်အကြီးစား စက်ရုံအတွက် ရှန်ဟိုင်းမှာ Tesla မြေဝယ်ယူ


ဘက်ထရီထုပ်အကြီးစား စက်ရုံအတွက် ရှန်ဟိုင်းမှာ Tesla မြေဝယ်ယူ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Tesla သည် ဘက်ထရီထုပ်အကြီးစား ထုတ်လုပ်သည့်စက်ရုံ ဆောက်လုပ်ရန်အတွက် ရှန်ဟိုင်းတွင် မြေနေရာ ဝယ်ယူသည်။

 

စက်ရုံမြေနေရာ

 

  တက်စလာသည် ၂၉.၇ ဟက်တာ (၄၈.၇ ဧက) အကျယ်အဝန်းရှိ မြေကွက်ကို အသုံးပြုပိုင်ခွင့်အတွက် ယွမ် ၂၂၂.၄၂ သန်း (ကန်ဒေါ်လာ ၃၁.၁၃ သန်း) ပေးချေခဲ့သည်။
အဆိုပါ မြေနေရာသည် Model 3 နှင့် Model Y ကားများထုတ်လုပ်သည့် လက်ရှိ တက်စလာ ကားစက်ရုံအနီးတွင် ရှိသည်။

 

ရှန်ဟိုင်းမှ တက်စလာကားစက်ရုံ  Gigafactory Shanghai

တနှစ်လျှင် ဘက်ထရီထုပ်အကြီးစား megapack များ စုစုပေါင်း ၁ သောင်းအထိ ထုတ်လုပ်နိုင်မည့်စက်ရုံ ဖြစ်သည်။ ၂၀၂၄ ပထမ၃ လပတ်တွင် ဆောက်လုပ်ရေး စတင်မည်ဖြစ်ပြီး ၂၀၂၄ ခုနှစ် စတုတ္ထ၃ လပတ်တွင် ထုတ်လုပ်ရေး စတင်မည်။ 

 

Tesla Megapack  ဘက်ထရီထုပ် အကြီးစား 

 

 

အာရှ-ပစိဖိတ်ဒေသအတွက် အမေရိကန်မှာ ထုတ်လုပ်ပြီး တင်ပို့နေခြင်းအစား တရုတ်ပြည် ရှန်ဟိုင်းမှာ ထုတ်လုပ်ပြီး တင်ပို့မည်ဖြစ်သည်။ ခရီးတာ နီးသွားသဖြင့် သယ်ယူပို့ဆောင်ရေးစရိတ်စကများ သက်သာစေမည် ဖြစ်သည်။
Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1402 times